Tuesday, January 29, 2013

adverb ( ကြိယာဝိသေသန ) ဆိုရင် ly နဲ့ အဆုံးသတ်တယ်

များသောအားဖြင့် ငယ်ငယ်တုန်းက သင်ပေးလိုက်ကြတာက adverb ( ကြိယာဝိသေသန ) ဆိုရင် ly နဲ့ အဆုံးသတ်တယ်လို့ ပါ ။ ဥပမာ careful = ဂရုစိုက်သော ( adjective ) က carefully = ဂရုစိုက်စွာ ( adverb ) ဖြစ်သွားတယ် ။

မမှားပါဘူး ။ ဒါပေမယ့် အဲလောက်နဲ့တင်မပြီးသေးကြောင်းပါ ။ ly နဲ့ ဆုံးတဲ့ adjective ( နာမ၀ိသသန ) များလည်း ရှိသေးကြောင်း သိစေအပ်ပါတယ် ။ အလွယ်ဆုံးတွေကိုဘဲ အရင်ပြောကြည့်ရအောင် ..........။ noun တွေနဲ့ တခါတည်း တွဲရေးပေးလိုက်ပါတယ် ...မိမိဖာသာ ဥာဏ်ရှိသလို တခြား noun တွေနဲ့ ပြောင်းလဲသုံးပေါ့နော် ။


motherly feeling အမေတစ်ယောက်လို ခံစားချက်

fatherly advice အဖေတစ်ယောက်လိုပေးတဲ့ အကြံ

brotherly protection ညီ/ အစ်ကိုကဲ့သို့ ကာကွယ်ပေးမှု

sisterly look ညီ အစ်မသဖွယ် အကြည့်

wifely duties ဇနီးမယားတို့ရဲ့ တာဝန်များ

friendly attitude ခင်ခင်မင်မင်ရှိသော သဘောထား

deadly weapon သေစေလောက်သော လက်နက် ( လူသတ်လက်နက် )

womanly figure မိန်းမတစ်ယောက်လိုပုံစံ ( ကနွဲ့ကလျ စသည်ဖြင့် )

manly sports ယောက်ျားတွေကစားတဲ့ အားကစား ( ဥပမာ ဘောလုံး )

homely atmosphere အိမ်လို နွေးထွေးတဲ့ ပတ်ဝန်းကျင်

stately house ကြီးကျယ်ခမ်းနားသော အိမ်

orderly room စနစ်ကျသပ်ရပ်သော အခန်း

sickly child ချူခြာသော ကလေး ( sick = နေမကောင်းသော , sickly = မကြာခဏနေမကောင်းဖြစ်တတ်သော ၊ ချူခြာပုံရသော )

comely behaviour သဘောကျ နှစ်လိုဖွယ် အမူအရာ


ဒါဆို ဟောဒီ ly နဲ့ အဆုံးသတ်တဲ့ adjective တွေထဲမှာ ဘယ်နှလုံးလောက် ကိုယ်သိပြီးသားရှိလဲ ကြည့်ပါဦး ။ မသိရင် အဘိဓါန်လှန်ဖို့ ပျင်းဦးမှာလားဟင်....စောင့်ကြည့်နေမယ်နော် ( ရမလားလို့ ခြောက်ကြည့်တာပါ ....ဘိုင်ဘိုင် ) ။


lovely , prickly , curmudgeonly , lonely , bubbly , portly , shapely, ugly, crinkly, sly, courtly, spritedly, wriggly, courtly, dastardly, wrinkly, wily, woolly , mealy, crumbly, hilly, silly, frilly, chilly, sparkly, curly

No comments:

Post a Comment

Total Pageviews