Tuesday, January 29, 2013

In case အသုံး

In case အသုံး

************
အရမ်းလွယ်ပါတယ် ။ ဒါပေမယ့် အရမ်းရှမ်းနိုင်တဲ့ အသုံးဖြစ်ပြီး grammer test တွေမှာ အမြဲပါတတ်တာမို့ ဖော်ပြလိုက်ပါတယ် ။

In case = '' စိုးလို့ .....(သို့မဟုတ်)......လိုလိုမယ်မယ် ....'' ဆိုတဲ့ အဓိပ္ပါယ် မဟုတ်လား ။ အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတာကို ရည်ညွှန်းတာပေါ့ ။ ဒါပေမယ့် သုံးတဲ့အခါ in case ပါတဲ့ ၀ါကျမှာ လုံးဝ future ကို မသုံးရပါဘူး ။ ဥပမာ


Take the mobile phone in case the car breaks down.
ကားပျက်နေမှာစိုးလို့ လိုလိုမယ်မယ် မိုဘိုင်းဖုန်းကို ယူသွားနော် ။ ( ကားပျက်တာက အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတာကို ပြောတာ ။ ဒါပေမယ့် will break down လို့ မသုံးရဘူး )


In case I forget, remind me to check the mails.
ငါမေ့နေမှာစိုးလို့ မေးလ်တွေကို စစ်ဖို့ သတိပေးဦးနော် ။ ( In case I will forget လို့ မရေးရပါ )


I have bought some candles in case there are more electricity cuts .
မီးထပ်ပျက်မှာ စိုးလို့ ဖယောင်းတိုင်တချို့ ၀ယ်ခဲ့တယ် ။ ( မလိုပါဘူး။ အင်ဗာတာ အားသွင်းထားတယ်လေ :D In case there will be လို့ မရေးရပါ )


I will fill up the car with patrol in case you need to go to Mandalay.
မင်း မန္တလေးသွားဖို့ လိုခဲ့သည်ရှိသော် သွားနိုင်အောင် ငါကားကို ဆီဖြည့်ထားပါ့မယ် ။ ( ရှေ့က ၀ါကျမှာ will နဲ့ အနာဂတ်ကို ညွှန်ပေမယ့် in case ၀ါကျမှာ will မသုံးရပါဘူး ။ )


နောက်ထပ်ဥပမာလေးတွေကို သတိထားကြည့်ပါနော် ။

I will draw a map for you in case you have difficulty finding my house.

I will remind them about the meeting in case they have forgotten.

We'll buy some more food in case Mg Mg comes.

I'll give you my phone number in case you need to contact me.

You should insure your bike in case it is stolen.


***** သတိထားရန် ။

အတိတ်ကို ပြန်ပြောတယ်ဆိုရင်လည်း ရိုးရိုး Past Tense ဆိုရင် ရပါပြီ ။ ဥပမာ

I drew a map for her in case she had difficulty finding my house.

We rang the door bell again in case they hadn't heard it the first time.

I bought some candles in case there were more electricity cuts.


ကဲ....ကြုံတုန်း ၀ါကျလေးတွေ လုပ်သွားကြည့်ပါလား ....အားမနာပါနဲ့ :D


(၁) ကွန်ပြူတာ ပျက်သွားမှာစိုးလို့ လိုလိုမယ်မယ် ဖိုင်တွေကို မင်း back up လုပ်ထားသင့်တယ် ။


(၂) ဗိုက်ဆာမှာစိုးလို့ လိုလိုမယ်မယ် ချောကလက်တွေ ယူသွားပါ ။


(၃) အမေစိတ်ပူနေမှာစိုးလို့ လိုလိုမယ်မယ် သူမကို ငါဖုန်းဆက်ခဲ့တယ် ။

No comments:

Post a Comment

Total Pageviews