Tuesday, February 5, 2013

6 Minute English



၆ မိနစ်စာ အင်္ဂလိပ်စာ ဆိုပြီး ဘီဘီစီက လုပ်တဲ့ Link လေးတစ်ခု ပေးပါရစေ ။ အရမ်း အရမ်းကို ကောင်းပါတယ် ။

Native speaker နဲ့ သင်ချင်လို့ ဆိုပြီး ကားခ ကုန် ၊ အချိန်ကုန် ၊ ပိုက်ဆံ နင်းကန်အကုန်ခံဖို့ မတတ်နိုင်ရင် ၊ အခြေအနေမပေးဘူးဆိုရင် ဒါကို သုံးကြည့်ပါ ။ အလကား လေ့လာလို့လည်းရ အချိန်လည်း သက်သာပါတယ် ။

သေချာ စိတ်ဝင်တစားလုပ်ရင် ၊ ဇွဲရှိရှိနဲ့ လုပ်ရင် ၊ မှန်မှန်လုပ်ရင် အသံထွက်ရော ၊ အသုံးအနှုန်းတွေရော အရမ်းတိုးတက်လာမှာပါ ။

အရင်ဆုံး သူပေးထားတဲ့ စာပိုဒ်တိုလေးကို ဖတ်ကြည့် ၊ အောက်ဖက်မှာ အသုံးအနှုန်းသစ်တွေကို တိုင်ပေးထားတာကို လိုက်ဆိုကြည့် ပါ ။ စာလုံးသစ်တွေအောက်က button လေးကို နှိပ်လိုက်ရင် အဓိပ္ပါယ်ပါ တွေ့လိမ့်မယ် ။ ပြီးမှ နားထောင်ရင် ပိုထိရောက်ပါတယ် ။

Monday, February 4, 2013

going to က will နဲ့ ဘာကွာသလဲ ။


.....................................................

ဒီနှစ်ခုလုံး အနာဂတ်ကို ဖော်ပြတဲ့ Tense တွေပါဘဲ ။ ကွာခြားချက်လို့ခေါင်းစဉ်တပ်ထားပေမယ့် will ကို တော့ အကျယ်မပြောလိုပါဘူး ။ going to အကြောင်းကို ပြောရင် will နဲ့ ကွာခြားချက်ကို ရိပ်မိမယ် ထင်ပါတယ် ။

အများသိကြတာကတော့ ကြိုတင်စီစဉ်ထားတာနဲ့ ဆုံးဖြတ်ပြီးသားကိစ္စတွေကို ပြောချင်ရင် going to ကို သုံးတယ်လို့ပါ ။ မမှားပါဘူး ။ ဥပမာ


Are you going to watch the Korean soap opera tonight ? မင်း ကိုးရီးယားဇာတ်လမ်းတွဲကို ကြည့်မလား ( ကြည့်ဖို့ စိတ်ကူးထားပြီးသား သို့မဟုတ် စီစဉ်ထားပြီးသားလား )

No, I am going to have an early night . ဟင့် အင်း ။ စောစောအိပ်မယ် ( စောစောအိပ်ဖို့ စဉ်းစားထားတယ် )

မှားတတ်တာလေးတွေ...


သတိရတုန်း မှားတတ်တာ တစ်ခုကို ပြင်ပေးချင်ပါတယ် ။ a, e, i, o,u ဆိုတာ vowel ( သရ ) ဆိုတာ သူငယ်တန်းလောက်ကတည်း သိကြမှာပါ ။


vowel တစ်ခုခုနဲ့ အစပြုတဲ့ စကားလုံးတွေကို တစ်ခု ၊ တစ်ကောင် ၊ တစ်ယောက်လို့ ပြောချင်ရင် ရှေ့မှာ an ဆိုတဲ့ indefinite article ကို ထည့်တယ်လို့ သင်ခဲ့ရတယ် ။ ဥပမာ

an apple, an orange , an umbrella , an iron ( မီးပူ )

Unless သုံးနည်း

အောက်မှာ အဓိပ္ပါယ်တူ ၀ါကျနှစ်ကြောင်းစီ ပေးလိုက်မယ် ။ နှိုင်းယှဉ်ကြည့်လိုက်ပါနော် ။

I'll walk to town unless it rains. မိုးမရွာရင် ငါမြို့ကို လမ်းလျှောက်ပြီးသွားမယ် ။
If it doesn't rain, I'll walk to town.

Unless we leave now, we’ll be late. ငါတို့ အခု မထွက်ခွာရင် နောက်ကျလိမ့်မယ် ။
If we don't leave now, we'll be late.

***ထပ်ပြီး ပြောပါရစေ ....unless နောက်က ၀ါကျဟာ not မပါပေမယ့် အငြင်းအဓိပ္ပါယ် ပါပြီးသားဆိုတာ မမေ့ပါရန် ။

You can't enter unless you have a ticket. မင်းမှာ လက်မှတ် မပါရင် ၀င်လို့မ၇ဘူး ။
ှုIf you do not have a ticket , you can't enter.


I’ll be at your place at 9.00, unless the bus is late.ကားနောက်မကျရင် မင်းဆီကို ငါ ကိုးနာရီမှာ ရောက်မယ် ။
If the bus is not late, I'll be at your place at 9.00 .

You won't get the job unless you prepare for the interview. အင်တာဗျူးအတွက် ပြင်ဆင်မထားရင် မင်းအလုပ်ရမှာ မဟုတ်ဘူး ။
If you do not prepare for the interview, you won't get the job.

Don't do it unless he tells you to. သူမင်းကို မပြောဘဲနဲ့တော့ မလုပ်ပါနဲ့ ။
If he doesn't tell you , don't do it.

I can’t help you unless you tell me what’s wrong. ဘာမှားနေလဲ ဘာအဆင်မပြေဘူးလည်းဆိုတာ မင်း ငါ့ကို မပြောဘဲနဲ့တော့ ငါ မကူညီနိုင်ဘူး ။
If you do not tell me what's wrong, I can't help you.

Unless you come now, I’m going to leave without you.
မင်းအခု မလာရင်တော့ မင်းမပါဘဲ သွားတော့မယ် ။
I am going to leave without you if you don't come now.

ကဲ....အောက်ပါ စာလေး ငါးကြောင်းကို ဘာသာပြန်ပြပါလား ။ ဒါမှမဟုတ်လည်း if နဲ့ ပြန်ရေးပြပါလား ။ အားလုံး မှန်ရင် ဆုပေးပါ့မယ် .......ခိခိ
( ဆု = facebook အလကားသုံးသွားရန် :)

I will not go unless you dress properly.
She will fail the exam unless she studies.
I won't go unless the weather improves.
I won't tell you my secret unless you promise me to keep it.
I won't be able to do it unless you help me.

Spring Flowers

Unless သုံးနည်း
......................

unless ဆိုတာ '' မ.......ရင် '' လို့ အဓိပ္ပါယ်ရတယ် ။ မရှိရင် ၊ မသွားရင် ၊ မလုပ်ရင် စသည်ဖြင့် ။


*** အငြင်း ( not ) ဆိုတာ ထည့်ဖို့ မလိုဘဲ အငြင်းအဓိပ္ပါယ်ဆောင်နေတဲ့ စကားလုံးပါ ။ ဥပမာကို ကြည့်ရင် ပိုရှင်းသွားပါလိမ့်မယ် ။


Unless it is free, I won't go. အလကားမဟုတ်ရင် ငါမသွားဘူး ။
If it isn't free, I won't go. ဆိုတာနဲ့ အတူတူပါဘဲ ။

သုံးပုံထူးခြားလို့ မှတ်ထားရမယ့် Verb တွေ...


ဟောဒီ verb တွေသုံးပုံက ထူးခြားလို့ အသေမှတ်ထားပါ ။

Form ကတော့ verb + object + preposition + V-ing ဖြစ်ပါတယ် ။ ဒီပုံစံကနေ ချော်ထွက်သွားရင် မှားပါတယ် ။ ဒါကြောင့် အသေမှတ်ထားဖို့ ပြောတာပါ ။


congradulate ( on ) = ဂုဏ်ပြုသည် ။
I congradulated Mg Mg on getting a new job. ( to get လို့ မရေးရပါ )


accuse ( of ) = စွပ်စွဲသည် ။
He accused me of lying. ( accuse နောက်က object ပြီးရင် of လိုက်တာကို သတိထားပါ )

Total Pageviews