Tuesday, January 29, 2013

The + Nationality

ရုတ်တရက်ဆိုရင် သတိလုံးဝမထားမိတဲ့ The အသုံးတစ်ခုကတော့ The + Nationality ပါ ။ ဥပမာ the French , the English , the Spanish ဆိုတာ လူမျိုး တစ်ရပ်လုံးကို ကိုယ်စားပြုတာ ဖြစ်တယ် ။


***ပြင်သစ်လူမျိုးများ ၊ အင်္ဂလိပ်လူမျိုးများ ၊ စပိန်လူမျိုးများ ဆိုပြီး လူမျိုးတစ်ရပ်လုံးကို ရည်ညွှန်းပြီး the ထည့်ပေမယ့် s တို့ es တို့ ထည့်ဖို့ မလိုပါဘူး ။ The Frenches တို့ , the Englishes တို့, the Spanishes တို့ လုပ်စရာမလိုပါ ။ ဥပမာ


The French are famous for their food. ပြင်သစ်တွေဟာ သူတို့ အစားအစာကြောင့် နာမည်ကြီးတယ် ။ ( ပြင်သစ်လူမျိုးတွေလို့ ရည်ညွှန်းပေမယ့် s , es မထည့်ရ )



***ပြင်သစ်တစ်ယောက် ၊ သို့မဟုတ် အင်္ဂလိပ်တစ်ယောက်လို့ ပြောချင်ရင် A French , An English လို့ မပြောရဘူး ။ A Frenchman, A Frenchwoman, An Englishman , An Englishwoman လို့ ပြောရတယ် ။

တရုတ်လူမျိုးများ ၊ ဂျပန်လူမျိုးများ ဆိုရင်လည်း ဒီလိုဘဲ ။

The Chinese invented printing. ပုံနှိပ်အတတ်ကို တရုတ်လူမျိုးများက တီထွင်ခဲ့တယ် ။ ( Chineses ဆိုပြီး အများလုပ်ဖို့ s ထည့်စရာမလို )

The Japanese are known for their technology.

***တရုတ်တစ်ယောက် ၊ ဂျပန်တစ်ယောက်လို့ ပြောချင်ရင်ကျတော့ ခုနကလို man တွေ woman တွေ ထည့်စရာမလိုဘူး .

A Chinese, A Japanese ဆိုရင် ရပြီ ။


***ဆွစ်ဇာလန်ကျတော့ တမျိုး ။ A Swiss ဆိုပြီး ဆွစ်စ်လူမျိုး တစ်ယောက်လို့ ပြောလို့ရသလို the Swiss ဆိုပြီး ပြောရင် ဆွစ်လူမျိုများ ( the people of Swizerland ) ကို ရည်ညွှန်းတယ် ။ ( အညိုးညိုးဘဲ...စိတ်ညစ်တယ် )


*** An Italian အီတာလျံလူမျိုးတစ်ယောက် ။ ဒါပေမယ့် အီတလီလူမျိုးများလို့ ပြောချင်ရင်ကျတော့ များသောအားဖြင့် the မလိုပြန်ဘူး ။ the Italians လို့ ရေးလေ့မရှိဘဲ Italians ဆိုရင် ရပြီ ။


အဲဒီလိုဘဲ
a Mexican = မက်ဆီကန်လူမျိုးတစ်ယောက်............Mexicans = မက်ဆီကန်လူမျိုးများ ( the ထည့်လေ့မရှိ )

a Turk = တူရကီလူမျိုးတစ်ယောက် .............Turks = တူရကီလူမျိုးများ ( the ထည့်လေ့မရှိ )


ဒါက The နဲ့ ပတ်သက်ပြီး ငါးခုမြောက်တင်တဲ့ post ပါ ။ တခါတည်းနဲ့ အများကြီးမပြောရဲလို့ ခွဲခွဲတင်တာ ။ ဘယ်နှစ်ယောက်လောက်များ ခေါင်းထဲဝင်သွားမလဲ ၊ ဘယ်နှစ်ယောက်လောက်များ မှတ်မိမလဲတော့မသိဘူး ။ ရေးရတဲ့လူတော့ မသောက်ဘဲ မူးသွားပြီ ။

နောက်ထပ်ကျန်သေးပေမယ့် အရမ်းသေးစိတ်လွန်းတာမို့ ၊ ပြောသင့်သလောက်လည်း ပြောပြီးပြီထင်တာမို့ ဒါနောက်ဆုံးပါဘဲ ။ မဟုတ်ရင် The တစ်လုံးတည်းနဲ့ လည်ထွက်ပြီး ရှေ့မရောက်ဖြစ်နေမှာစိုးလို့ ။ အခုပြောထားသလောက်ကိုတော့ ခဏခဏ ပြန်ကြည့်စေချင်ပါတယ် ။ လက်တွေ့လည်း သတိထားပြီး အသုံးချကြည့်ရင်တော့ မိမိကောင်းဖို့ အတွက်သာ ဖြစ်ပါကြောင်း ။

No comments:

Post a Comment

Total Pageviews