( 1 ) www.nonstopenglish.com
ဒီ
website ကတော့ အင်္ဂလိပ်စာ သင်ကြားရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့အကောင်းဆုံး
နံပါတ် ( ၁ ) website ဖြစ်ပါတယ်။ ဒီ website မှာ အသုံးပြုသူ user တွေ
အနေနဲ့ ကိုယ့်ရဲ့ English Grammer and Vocabulary Skill တွေကို Interactive
Tests တွေနဲ့ စစ်ဆေးကြည့်လို့ ရပါတယ်။ ဒါ့အပြင် Register လုပ်ပြီး user
log in နဲ့ ၀င်မယ် ဆိုရင်လည်း သူ့ဆီက အခမဲ့ Email Test တွေ ရယူဖြေဆိုပြီး
ကိုယ့်ရဲ့ ရမှတ်ကိုလည်း ပြန်လည် ကြည့်ရှုလို့ရပါတယ်။ ဒီ website က သူ့ရဲ့
Test တွေကို အပတ်စဉ် update လုပ်ပေးပါတယ်။
( 2 ) www.englishclub.com
သူကတော့
ဒုတိယ အကောင်းဆုံး Learning English Website ပါ။ ဒီ website မှာတော့
လူငယ်တွေ လွတ်လပ်စွာ English သင်ကြားတဲ့ပုံစံကို ရယူနိုင်ပါတယ်။ ပြီးတော့
ကိုယ့်ရဲ့ ကဗျာလေးတွေ ၊ စာလေးတွေကို website ပေါ်မှာ ပြန်ပြီး upload
လုပ်လို့ရသလို ကိုယ့်ရဲ့ ထင်မြင်ချက် ( comment ) တွေကိုလည်း Website
ပေါ်မှာ ရေးလို့ရပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့
မေးခွန်းပြဿနာ တွေကိုလည်း အခမဲ့ Email နဲ့ ပြန်လည် ဖြေကြားပေးပါသေးတယ်။
( 3 ) www.freeenglish.com
ဒီ website မှာတော့အခမဲ့သင်ခန်းစာတွေ ၊ English နဲ့ ပတ်သက်တဲ့ E Books တွေကို download ရယူနိုင်ပါတယ်။
( 4 ) www.rong-chang.com
ဒီ
Website ကတော့ အင်္ဂလိပ်စာကို Second Language အဖြစ် လေ့လာတဲ့ သူတွေ အတွက်
အထူးလွှင့်တင်ထားတဲ့ Website ပါ။ အထူးသဖြင့် English ဘာသာ mother language
မဟုတ်တဲ့ လေ့လာသူများအတွက် သင့်တော်ပါတယ်။ လေ့ကျင့်ခန်းမျိုးစုံ ထဲက
ကိုယ်နဲ့ ကိုက်ညီမယ့် သင်ခန်းစာတွေကို ရွေးချယ်လေ့ကျင့်နိုင်ပါတယ်။
( 5 ) www.englishathome.com
ဒီ Website မှာတော့ Grammer, Vocabulary, Verbs and Speaking Games တွေနဲ့
English Newsletter ( သတင်းလွှာ ) တွေကို အခမဲ့ ရယူနိုင်ပါတယ်။
ဒီ Website ကတော့ နာမည် အတိုင်း မတူညီတဲ့ ဘာသာစကား နှစ်ခုကို မတူညီတဲ့
လူနှစ်ယောက် သင်ယူတဲ့ နေရာမှာ ကူညီပေးပါတယ်။ ဥပမာ - ပြင်သစ်စကား သင်နေတဲ့
English Speaker တစ်ယောက်နဲ့ အင်္ဂလိပ် စကား သင်နေတဲ့ French Speaker
တစ်ယောက် အပြန်အလှန် သင်ကြားတဲ့ ပုံစံမျိုးပါ။
( 7 ) www.roseofyork.co.uk
ဒီ
Website ကိုတော့ The Rose Of York English College က လွှင့်တင်ထားတာပါ။ ဒီ
site မှာ user တွေ အနေနဲ့ General English, Business English, Academic
English, English Speaking စတာတွေကို အခမဲ့ သင်ကြားလေ့လာနိုင်ကြပါတယ်။
( 8 ) www.expertenglish.com
ဒီ
Site မှာတော့ user တွေ ကိုယ်တိုင်ပါဝင် ( participate ) နိုင်တဲ့ program
တွေနဲ့အင်္ဂလိပ်ဘာသာကို သင်ကြားပေးထားပါတယ်။ ဥပမာ - One Stop English
Perfection Program မျိုးတွေနဲ့ပါ။
( 9 ) www.worldenglish.com
ဒီ Website ကတော့ ကမ္ဘာ တစ်ဝှမ်း မှာ ရှိတဲ့ English ဘာသာ လေ့လာသူတွေ
အနေနဲ့ Highest Quality English Language Resources တွေကို ရ
ရှိနိုင်ကြဖို့လွှင့်တင်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ထူးခြားချက်က
မျက်စိမှုန်သူများနဲ့ အသက်အရွယ် ကြီးရင့်သူတွေ အတွက်ပါ လေ့လာနိုင်ဖို့ Font
Size အကြီး အသေးကို အဆင့် ၄ ဆင့် အထိ ပြောင်းလို့ရပါတယ်။ အင်တာနက်ပေါ်က
စာလုံးသေးသေးလေးတွေကို ဖတ်ရတာ စိတ်ပျက်နေသူများအတွက် အထူးသင့်လျော် ပါတယ်။
( 10 ) www.learnenglish.org.uk
ဒီ
Website မှာတော့ အင်္ဂလိပ်ဘာသာ လေ့လာရာမှာ အထောက်အကူပြု Quotes တွေ၊ Films
တွေ၊ Music Files တွေကို အခမဲ့ ဒေါင်းလုပ်ရယူနိုင်ကြပါတယ်။
No comments:
Post a Comment