Thursday, January 24, 2013

look - Spring Flower

look မှာ s ထည့်ပြီး noun အနေနဲ့ သုံးရင် Physical appearance ကို ပြောတာတဲ့ ။ ဥပမာ

I don't care about looks .
ငါက အလှအပတွေကို ဂရုမစိုက်ပေါင် ။ ( သူဘဲ မှန်ပေါက်ထွက်အောင် ကြည့်နေပြီးတော့ )

He cares about personality, much more than looks. သူက အပြင်ပန်းထက် personality ကို ပိုဂရုစိုက်တတ်တယ် ။

***ကြုံတုန်း တိုတို လွယ်လွယ်လေးတစ်ခု ကျက်ထားလို့ရပါတယ် ။

By the look of things = အခြေအနေ ကြည့်ရသလောက်တော့

By the look of things, we won't be able to take our holiday till the summer.


By the look of things, the government won't give in the protests of the people.
အခြေအနေကြည့်ရသလောက်တော့ အစိုးရက ပြည်သူတွေ ဆန္ဒပြတာကို အလျော့ပေးမှာ မဟုတ်ဘူး ။ ( ဒါများ အထူးအဆန်းလုပ်လို့ ပြောနေသေး )

( give in = အလျော့ပေး ၊ လိုက်လျောသည် )

By the look of things, I will be busy for another 3 hours.

The police will soon crack down on the riot , by the look of things.

ကြည့်ရတာ ဆူပူမှုကို ရဲက မကြာခင် နှိပ်ကွပ်တော့မယ် ( crack down = နှိမ်နင်းသည် )

No comments:

Post a Comment

Total Pageviews