Tuesday, January 29, 2013

Active Voice နဲ့ Passive Voice ဆိုတာ ဘာကြီးတွေလဲ

Active Voice နဲ့ Passive Voice ဆိုတာ ဘာကြီးတွေလဲ

****************************************
မြန်မာလူမျိုးတွေ အမှားအများဆုံးထဲမှာ ထိပ်ဆုံးက ပါနေလို့ Passive Voice ကို သပ်သပ်စီ ဖော်ပြပေးပါ့မယ် ။ ၊ ပြီးတော့ ရှိသမျှ Tense တွေကို Passive လုပ်လို့ရတယ် ၊ ဒီတော့ Tense အမျိုးမျိုးအကြောင်းကိုလည်း နည်းနည်းတော့ သဘောပေါက်ဖို့လိုတယ် ။ ဒီလိုပြောလို့ လန့်မသွားပါနဲ့ ။ နည်းနည်းချင်းဘဲ အလွယ်ဆုံးနည်းနဲ့ ပြောဖို့ ကြိုးစားပါ့မယ် ။ စာဖတ်သူဘက်က စိတ်ကိုတော့ အရင်ထက်လက်တစ်ဆစ်လောက် ထပ်ရှည်ပေးပေါ့နော် ။ အရင်ဆုံးသိရမှာက

subject = ပြုလုပ်သူ
object = ခံရသူ

ဥပမာ Mg Mg eats an apple. ဒီဝါကျမှာ ပန်းသီးကို စားတာ မောင်မောင် ။ ဒါကြောင့် မောင်မောင်က ပြုလုပ်သူ subject ။ စားခြင်းခံရတာက ပန်းသီး object ။


*** ဒီလို ပြုလုပ်သူကို ရှေ့တင်ရေးတဲ့ ၀ါကျကို Active Voice လို့ခေါ်တယ် ။ မောင်မောင်က ပန်းသီးကို စားတယ် တဲ့  ။ ကဲ.....မြန်မာလိုဆိုရင်ကော အစားခံရတဲ့ ပန်းသီးဘက်က လှည့်ရေးလို့ မရဘူးလား ။ ဥပမာ ပန်းသီးသည် မောင်မောင်ရဲ့ စားခြင်းကို ခံရတယ် ဆိုပြီးတော့လေ ။ ပြောရတာ နည်းနည်းတော့ ထောက်တာပေါ့နော် ။ ဒါပေမယ့် ပြောလို့ရတယ်လေ ။


*** အဲလို ခံရသူ object ကို ရှေ့တင်ရေးတဲ့ ၀ါကျကို Passive Voice လို့ ခေါ်တယ် ။ အင်္ဂလိပ်တွေက အဲလို ဇောက်ထိုးတွေ တော်တော် ပြောချင်ကြသတဲ့ ။ ဒါကဘဲ မြန်မာတွေ တိုင်ပတ်ရတဲ့ အကြောင်းရင်း.........။

Mg Mg eats an apple. ( Active Voice )
An apple is eaten by Mg Mg . ( Passive Voice )

ဒီတော့ Passive Voice ရဲ့ အခြေခံ ပုံစံက Be + V (3) ပါတဲ့ ။ Be ဆိုတာက be အပါအ၀င် been, being, , am, is , are, was , were တွေကို ခေါ်တာပါ ။ ခံရသူကို ရှေ့တင်ရေးပြီး ပြုလုပ်သူကို by ခံပြီး နောက်ဆုံးမှာ ရေးရတယ် ။
ဒီတော့ Object + be + V ( 3 ) + by + Subject.


ဥပမာကို ကြည့်ရင် ပိုရှင်းသွားမယ်လို့ မျှော်လင့်ပါတယ် ။ Verb 3 တွေကိုတော့ ရထားပြီး ဖြစ်ရမယ်နော် ။

Ma Ma buys a bag . ( Active Voice )
A bag is bought by Ma Ma . ( Passive Voice )

Daw Suu received the Nobel Prize.
Nobel Prize was received by Daw Suu.


U Thein Sein used Facebook. ( ဟုတ်လားဟင် )
Facebook was used by U Thein Sein.


I love Korean actors.
Korean actors are loved by me.

ပုံထဲမှာ ကြောင်နဲ့ ကြွက်ကို ပြပြီး ရယ်စရာလုပ်ထားတဲ့အတိုင်းလေးဘဲ ကြည့်ရအောင် ။


The mouse ate the cat. ကြွက်က ကြောင်ကို စားတယ် ။
The mouse was eaten by the cat. ကြွက်ဟာ ကြောင်ရဲ့ စားခြင်းကို ခံရတယ် ။

ဒီနေ့အဖို့ Passive Voice နဲ့ ပတ်သက်ပြီး နောက်ဆုံး တစ်ခုကို အရေးတကြီး ပြောပါရစေ ။ တစ်ချို့သော Verb တွေဟာ Passive Voice လုပ်လို့ မရဘူး ။ ဘာကြောင့်လည်း ဆိုတော့ Passive Voice ဆိုတာက Object ကို ရှေ့တင်ရေးတာလေ ။ Object မရှိတဲ့ Verb ဆိုရင် ဘယ်လို Passive Voice လုပ်မတုန်း ။ အဲ.....ဒါဆို Object မရှိတဲ့ Verb လို့များ ရှိသေးသလား ဂျီးတော် ။

ဟုတ်....သိပ်ရှိတာပေါ့ ။ ဥပမာ စားသည် eat မှာ ဘာကို စားတယ်ဆိုပြီး object ရှိတယ် ၊ ဒါပေမယ့်


sleep အိပ်သည်မှာကျတော့ ခံရတဲ့ object မရှိဘူးလေ ။ အအိပ်ခံရသည် ဆိုပြီးမှ မရှိတာ ။ ဘယ်မှာ အိပ်တယ် ၊ ဘယ်နှစ်နာရီ အိပ်တယ် ၊ ဘယ်သူနဲ့ အိပ်တယ်လို့ ဘဲ ပြောလို့ရတယ် ။

die သေသည် ဆိုတာမှာလည်း သူသေခဲ့တယ် ဆိုရင် He died ။ လူတွေ သေလေ့ရှိတယ် People die လို့ဘဲ ပြောကြတယ် ။ သေတဲ့လူက Subject ဖြစ်တယ် ။ Object မဟုတ်ပါ ။ ( He is died, He was died , People are died , People were died လို့ လုံးဝ ရေးလို့ မရပါ )


အဲလို Object လိုတဲ့ Verb တွေကို ကံလိုသော ကြိယာ Transitive Verb လို့ ခေါ်တယ် ။ Object မလိုတဲ့ Verb တွေကိုတော့ ကံမလိုသော ကြိယာ Intransitive Verb တွေလို့ လို့ ခေါ်သတဲ့ ကွယ် ။ ပုံပြင်လေးကတော့ ဒီနေ့အဖို့ ဒီမျှပါဘဲ ။ မောင်နှမလေးတို့တစ်တွေရဲ့ တ၀ါးဝါးသန်းနေမယ့် မျက်နှာလေးတွေကို မြင်ယောင်လာတာကြောင့် ဒီနေ့ ဒီမှာဘဲ ရပ်လိုက်ပါ့မယ် ။

Passive လုပ်လို့ရသော ကြိယာများ Transitive Verbs တချို့-eat, do, speak, write, buy, use, see, throw, read, disturb, give, etc.

Passive လုပ်လို့ မရတဲ့ ကြိယာများ Intransitive Verbs ထဲက တချို့ကတော့
run , go, swim, fall, arrive , become , stand , happen etc.

No comments:

Post a Comment

Total Pageviews