Tuesday, January 29, 2013

နောက်ထပ်ထူးဆန်းတဲ့ the သုံးနည်း ရှိသေးတယ်

နောက်ထပ်ထူးဆန်းတဲ့ the သုံးနည်း ရှိသေးတယ် ။ နေရာတစ်ခုကို အဲဒီနေရာနဲ့ သက်ဆိုင်တဲ့ ကိစ္စနဲ့ သွားတယ်ဆိုရင် the မထည့်ရဘူး ။ ဥပမာ ကျောင်းတက်ဖို့အတွက် ကျောင်း သို့မဟုတ် တက္ကသိုလ်ကိုသွားတယ် ၊ ဒါမှမဟုတ် ဆေးရုံကို လူနာအနေနဲ့ သွားတယ် ၊ ဘုရားကျောင်းကို ဘုရားရှိခိုးဖို့သွားတယ် စသည်ဖြင့်ဆိုရင် school, hospital , university , church တို့ရှေ့မှာ the မထည့်ရဘူး ။ နှိုင်းယှဉ်ချက် ဥပမာကို ကြည့်ရင် ရှင်းသွားမှာပါ ။

(1) Mya Mya is 7 years old. Every day she goes to school .
( မြမြကျောင်းကို သွားတာ ကျောင်းတက်ဖို့။ တခြားကိစ္စကြောင့်မဟုတ် ။ ဒါကြောင့် the မထည့်ရပါ )

Today Mya Mya's mother wants to speak to her daughter's teacher. So she has gone to the school to see her. She is at the school now.
ဒီနေ့ မြမြအမေဟာ ဆရာမနဲ့စကားပြောချင်တယ် ၊ ဒါကြောင့် ဆရာမနဲ့တွေ့ဖို့ ကျောင်းကို သွားတယ် ။ အခု မြမြအမေ ကျောင်းမှာ ။ ( ကျောင်းသားမဟုတ်ဘဲ တခြားကိစ္စတစ်ခုနဲ့ ကျောင်းကိုသွားတာမို့ the school လို့ ရေးရတယ် )

(2) His brother is in prison for robbery. သူ့အစ်ကိုကတော့ ဓမြမှုနဲ့ ထောင်ထဲမှလေ
( ထောင်သားအဖြစ်နဲ့ ထောင်ထဲ ရောက်နေတာမို့ prison လို့ဘဲ ရေးရတယ် )

Ko Ko went to the prison to visit his brother.
ကိုကိုက ထောင်ထဲမှာ သူ့အစ်ကိုကို တွေ့ဖို့သွားတယ် ( ကိုကိုက ထောင်သားမဟုတ်ဘဲ ထောင်ကို အလည်သွားတာမို့ the prison လို့ ပြောရတယ် )

(3) Mg Mg had an accident last week. He was taken to hospital. He is still in hospital now.
ကိုကိုဟာ လွန်ခဲ့တဲ့ တပတ်က အက်စီးဒန့်ဖြစ်ပြီး ဆေးရုံရောက်သွားတာ ခုထိလည်း ဆေးရုံမှာဘဲ ( လူနာအနေနဲ့ ဆေးရုံရောက်နေတာ the မထည့်ဘူး ။ )

(4) When I leave school, I want to go to univeristy.
ကျနော်ကျောင်း ပြီးရင် တက္ကသိုလ်ကို သွားတက်ချင်တယ် ။ ( ကျောင်းသားအနေနဲ့မို့ school တို့ university တို့ ရှေ့မှာ the မထည့်ပါ )

Excuse me, where is the university, please ? ( တက္ကသိုလ်ဘယ်မှာလဲဆိုပြီး တိုးရစ်စ်တစ်ယောက်ယောက်က ဖြစ်ဖြစ် မေးတာမျိုး ကြုံဖူးမှာပေါ့ ။ ဒါကြောင့် the ထည့် )

(5) His father goes to church every Sunday .
( ဆန်းဒေးတိုင်း ဘုရားကျောင်းကို ဘုရားရှိခိုးဖို့သွားတာမို့ church ရှေ့မှာ the မထည့်ရ )

Some workmen went to the chruch to repair the roof. ( အလုပ်သမားတွေ ဘုရားကျောင်းခေါင်းမိုးကို သွားပြင်တာ religious service အတွက်သွားတာမဟုတ်လို့ the ထည့်ရတယ် )

အင်း....မင်းတို့နှစ်ယောက်ကတော့ ပျော်နိုင်သူတွေဆိုတော့ ပျော်ကြပေါ့ကွယ် ။ ငါတို့မှာ မင်းတို့စကားကိုသင်ရင်း လုံးလည်ချာလည်လိုက်နေပြီ.... ဟင်း ။ ဒါတောင် the ကိစ္စက ဒီမှာမပြီးသေးဘူး ။ ဒီနေ့တော့ ဒီလောက်ဘဲ ။
— with စက္ကဝါ ဆာန်.

No comments:

Post a Comment

Total Pageviews