Monday, February 4, 2013

မှားတတ်တာလေးတွေ...


သတိရတုန်း မှားတတ်တာ တစ်ခုကို ပြင်ပေးချင်ပါတယ် ။ a, e, i, o,u ဆိုတာ vowel ( သရ ) ဆိုတာ သူငယ်တန်းလောက်ကတည်း သိကြမှာပါ ။


vowel တစ်ခုခုနဲ့ အစပြုတဲ့ စကားလုံးတွေကို တစ်ခု ၊ တစ်ကောင် ၊ တစ်ယောက်လို့ ပြောချင်ရင် ရှေ့မှာ an ဆိုတဲ့ indefinite article ကို ထည့်တယ်လို့ သင်ခဲ့ရတယ် ။ ဥပမာ

an apple, an orange , an umbrella , an iron ( မီးပူ )
ဒါဆို university တို့ hour တို့ရှေ့မှာကော ဘာထည့်ပါသလဲ ။ a လား ။ an လား ???


သေသေချာချာ မှတ်ထားလိုက်ပါ ။

a university ,
a union ,
a unicorn ( ချိုတစ်ချောင်းတည်းပါတဲ့ ဒဏ္ဍာရီလာ နတ်မြင်းပျံ ) ,
a European ( ဥရောပသားတစ်ယောက် )
a eulogy ( ယူလိုဂျီ =လူပုဂိုလ်တစ်ယောက်ကို အမှတ်ရ အမွှမ်းတင် ပြောကြာသော မိန့်ခွန်း )

လို့ ပြောမှ မှန်ပါတယ် ။ u, e တွေနဲ့ စပေမယ့် အဲဒီစကားလုံးတွေ ရှေ့မှာ an လုံးဝမ ထည့်ရပါဘူး ။


***ဒီတော့ vowel နဲ့ စရင် an ထည့်တယ်လို့ ပြောတာ မပြည်စုံပါ ။ vowel sound နဲ့ စမှ an ထည့်တာပါ ။ ***


vowel sound ဆိုတာ လွယ်လွယ်ပြောရင် '' အ '' သံကို ပြောတာပါ ။ ဆိုကြည့်ပါလား apple , orange, unbrella, iron ဆိုတာ '' အ '' သံတွေ မဟုတ်ဘူးလား ။


ယူနီဗာစတီ ၊ ယူနီကွန်း ( unicorn ) ၊ ယူနီယံ ၊ ယူရုပ်ပီယံ ( European ) , ယူလိုဂျီ ( eulogy ) ကျတော့ vowel sound နဲ့ မစလို့ an ထည့်လို့မရပါဘူး ။


***အောက်ပါစကားလုံးတွေကျတော့ h နဲ့ စပေမယ့် h အသံကို silent လုပ်ပြီး ဆိုတယ် ။ ဒီတော့ h နောက်က vowel သံတွေထွက်ပါတယ် ။ ဒါကြောင့် an ထည့်ပါတယ် ။

an hour ( အာဝါ )
an honour ( အော်နာ ) ,
an heir to the throne ( အဲ = ထီနန်းဆက်ခံသူ )
an honest man
an honorable woman


ကလေးတွေကို သင်ရင်တော့ vowel sound ကို ရှင်းပြတာထက် a, e, i, o, u လို့ပြောတာက ပိုလွယ်မလားမသိပါ ။ ဒါပေမယ့် ရေရှည်ကျတော့ မသိရင် ခံရပါတယ် ။ grammar test တွေမှာ ဒီ rule ကို ခဏခဏ ထည့်မေးတတ်လို့ပါ ။

No comments:

Post a Comment

Total Pageviews