..........................
ဒီနှစ်ခုလုံး အနာဂတ်ကို ဖော်ပြတဲ့ Tense တွေပါဘဲ ။ ကွာခြားချက်လို့ခေါင်းစဉ်တပ
အများသိကြတာကတော့ ကြိုတင်စီစဉ်ထားတာနဲ့ ဆုံးဖြတ်ပြီးသားကိစ္စတွေကို ပြောချင်ရင် going to ကို သုံးတယ်လို့ပါ ။ မမှားပါဘူး ။ ဥပမာ
Are you going to watch the Korean soap opera tonight ? မင်း ကိုးရီးယားဇာတ်လမ်းတွဲကို ကြည့်မလား ( ကြည့်ဖို့ စိတ်ကူးထားပြီးသား သို့မဟုတ် စီစဉ်ထားပြီးသားလား )
No, I am going to have an early night . ဟင့် အင်း ။ စောစောအိပ်မယ် ( စောစောအိပ်ဖို့ စဉ်းစားထားတယ် )
ဒီ ဥပမာတွေက ကြိုတင် တွေးထား ၊ စိတ်ကူးထား ၊ စီစဉ်ထားတဲ့သဘောကို မြင်အောင် ကြည့်ပါ ။
When are you going to meet Ma Ma this evening ?
I am going to leave tomorrow . I have got my ticket .
The house is in a mess. I am going to tidy it up.
Next month, we are going to look for a new place to stay .
***သို့သော် ထင်သာမြင်သာ တခုခု ဖြစ်တော့မယ်ဆိုတာ ပြောချင်ရင်လည်း going to ကို သုံးတယ် ။ ဒါက တော်တော်များများ မသိတဲ့အချက်ပါ ။ ဥပမာ
Look at the sky ! It's going to rain .
( ဒီနေရာမှာ မိုးရွာမယ် မရွာဘူးဆိုတာ အထက်မှာ ရှင်းပြထားတဲ့ စီစဉ်ထားတာ ၊ ဆုံးဖြတ်ထားတာနဲ့ မဆိုင်တော့ပါဘူး ။ တခုခု သေချာပေါက် ဖြစ်တော့မယ်လို့ ကိုယ်ထင်တဲ့အခါ သုံးတယ်ဆိုတာ မှတ်ထားပါ ) ။
I feel awful . I think I am going to be sick.
( ခုချိန်မှာ ဆိုးဆိုးရွားရွားခံစားနေရလု
Look ! The car is going to run into the tree !
( ကိုယ်ကြည့်နေချိန်မှာ အဲဒီကားက သေချာပေါက် သစ်ပင်ကို ၀င်တိုက်တော့မယ့်ပုံရှိုလို
*** နောက်တချက်ကတော့ လုပ်ဖို့ စီစဉ်ထားပြီး မလုပ်ဖြစ်ခဲ့ရင် သို့မဟုတ် ဖြစ်မယ်လို့ ထင်ထားတာ မဖြစ်ခဲ့ရင် လည်း ပြောပါတယ် ။ ဥပမာ
We were going to travel by train but then we decided to go by car instead.
I was going to do the exam ,but I changed my mind .
He was going to cross the road when someone shouted '' Stop ! '' .
She was going to do the shopping but did not have enough time .
We were going to have a party last week , but my son got sick , so we cancelled it .
I thought it was going to rain, but it didn't.
ဒါတွေဟာ အခြေခံလောက်ကိုဘဲ ပြောတယ် ဆိုတာကို မမေ့စေချင်ပါဘူး ။ Advanced Grammar မှာ အသုံးတစ်ခုတိုင်းဟာ အင်မတန်ခေါင်းရှုပ်စရာကောင်
အကြောင်းကတော့ ဘယ်ဘာသာမှာမဆို nuance လို့ ခေါ်တဲ့ မသိသာ မထင်ရှားတဲ့ ကွဲပြားချက်လေးတွေ ရှိတယ် ။ အဲဒါတွေကိုပါ ထည့်ပြောထားလို့ပါ ။
အခုသင်ခန်းစာတွေကတော့ အလယ်အလတ်ဘာသာစကားဗဟုသုတ ရှိပြီးသားတွေကိုသာ ရည်ရွယ်တာမို့ အရမ်းခေါင်းရှုပ်သွားမယ့် ရှည်ရှည်ဝေးဝေးတွေကို မပြောပါဘူး ။ ဒါပေမယ့် အခုလောက် ပိုင်ပိုင်နိုင်နိုင်သိထားရ
No comments:
Post a Comment