Tuesday, January 29, 2013

အမျိုးအစားကို ရည်ညွှန်းရင် The + singular noun ကို သုံးရတယ်

The နဲ့ ပတ်သက်ပြီး နောက်ဆုံးသင်ခန်းစာများထဲက တစ်ခုပါ ။ အမျိုးအစားကို ရည်ညွှန်းရင် The + singular noun ကို သုံးရတယ် ။ ဥပမာ


The giraffe is the tallest animal of all animals.
ကုလားအုတ်ဟာ တိရစ္ဆာန်တွေထဲမှာ အရပ်အရှည်ဆုံးဘဲ ( ဘယ်ကုလားအုတ်လို့ မရည်ညွှန်းဘဲ ကုလားအုတ်အမျိုးအစားတခုလုံးကို ရည်ညွှန်းထားတာ ဖြစ်တယ် ။

*** ဒါကြောင့် The giraffe ဆိုပြီး The + giraffee မှာ s မထည့်ဘဲ singular noun နဲ့ ရေးတာပါ )

The bicycle is an excellent means of transport.
( စက်ဘီးဆိုတဲ့ စက်အမျိုးအစားတစ်ခုလုံးကို ရည်ညွှန်းတယ် )


When was the telephone invented ?
( တယ်လီဖုန်းဆိုတဲ့ စက်ပစ္စည်းအမျိုးအစားကို ဆိုလိုတယ် )


The dollar is the currency of the United States.
( ဒေါ်လာငွေကြေးအမျိုးအစားတစ်ခုလုံးကို ရည်ညွှန်းတယ် )


*** ဂီတနဲ့ ပတ်သက်တဲ့ ကိရိယာတွေ musical instruments တွေကို ယေဘုယျပြောရင် The ထည့်တယ် ။

Can you play the guitar ?
မင်းဂစ်တာတီးတတ်လား ( ဂစ်တာဆိုတဲ့ ကိရိယာကို တီးတတ်လား လို့ မေးတာ ။ ဘယ်ဂစ်တာလို့ မဆိုလို )

The piano is my favourite instrument. စန္ဒယားဟာ ငါ့အကြိုက်ဆုံး ကိရိယာဘဲ ။


*** a , an ထည့်တာနဲ့ နှိုင်းယှဉ်ချက်ကို ကြည့်ပါ ။

I 'd like to have a piano.
I can't play the piano.

We saw a giraffee at the zoo.
The giraffee is my favorite animal.


The နဲ့ ပတ်သက်ပြီး အရေးကြီးတာ နည်းနည်းကျန်ပါသေးတယ် ။ နောက်နေ့မှ ပြောပါရစေ ။ အခုထိ ပြောသွားတာက ရှုပ်နေနိုင်တယ်ဆိုတာ သိပါတယ် ။ language တစ်ခုရဲ့ sense ကို ရဖို့ဆိုတာ practice ကလည်း အရေးကြီးပါတယ် ။ ဒီတော့ ထပ်ခါတလဲလဲ ပြန်ဖတ်ပြီး လက်တွေ့မှာ သတိထားသုံးကြည့်ရင် အဆင်ပြေမှာ အမှန်ပါဘဲ။

စကားပုံဟောင်းကြီးကလည်း မှန်နေသေးတုန်းဘဲ မဟုတ်လား ........Practice makes perfect လေ ။

No comments:

Post a Comment

Total Pageviews