can
have + V 3 ကို ဖြစ်နိုင်ခြေ ရှိတာတွေကို ခန့်မှန်းပြောတဲ့အခါ သုံးတယ် ။
သေချာ မှတ်ထားရမှာက မေးခွန်းဝါကျနဲ့ အငြင်းဝါကျတွေမှာဘဲ သုံးလေ့ရှိတယ်
ဆိုတာပါ ၊ အငြင်းဆိုတာ not ပါမှ မဟုတ်ဘဲ hardly, seldom , rarely, never
စတဲ့ အငြင်း အဓိပ္ပါယ်ဆောင်တဲ့ အသုံးတွေနဲ့လည်း တွဲသုံးတယ် ။
•Can she have forgotten about our meeting?
အစည်းအဝေးကို သူမ မေ့သွားခဲ့တာလား မသိဘူး ( ပေါ်မလာလို့ ပြောတဲ့စကား )
•He can't have seen us.
သူငါတို့ကို မမြင်ခဲ့လောက်ပါဘူး ။
•They can hardly have thought that I was not interested in the job.
ငါအလုပ်ကို စိတ်မ၀င်စားဘူးဆိုတာ သူတို့ တွေးမိခဲ့မှာမဟုတ်လောက်ပါဘူး ။
•She can't have left me like this.
သူမက ငါ့ကို ဒီလို ထားမသွားခဲ့လောက်ဘူး ။
could have + V 3 ကတော့ ရှေ့က သင်ခန်းစာမှာ ပါပြီးပြီ ။ ဒီ Link ကို နှိပ်ပါ
https://www.facebook.com/photo.php?fbid=422410311164212&set=a.319582384780339.74346.100001857416736&type=1&theater

▷ Casino Site Review India 2021 ᐈ Claim 100% Bonus
ReplyDeleteBest online casino site for Indian players 2021. Reviewed and rated by our ⭐ Online Casino for Indian players ⭐ Best luckyclub.live for Indian players 2021. Rating: 4.3 · Review by LuckyClub