ဒီ ၀ါကျ နှစ်ကြောင်း အဓိပ္ပါယ်တူလားဟင် ။
Every word in the dictionary is not useful.
Not every word in the dictionary is useful.
မြန်မာလို ပြန်လိုက်ရင် နှစ်ကြောင်းလုံးက '' အဘိဓါန်ထဲက စာလုံးတိုင်းဟာ အသုံးမ၀င်ဘူး '' လို့ ထွက်မှာပေါ့ ။ ဒါပေမယ့် အဓိပ္ပါယ် မတူဘူး ။
ပထမ ၀ါကျက '' အဘိဓါန်ထဲက စာလုံးတိုင်းဟာ အသုံးမ၀င်ဘူး '' ( ဘယ်တစ်လုံးမှကို မ၀င်တာ ) ။
ဒုတိယ ၀ါကျက '' အဘိဓါတ်ထဲက စာလုံးတိုင်း ဟာ အသုံးမ၀င်ဘူး ၊ ( အများစုက ၀င်တယ် ၊ ဒါပေမယ့် တချို့တလေကတော့ မသိလည်း ရတယ် )
*** ဒီတော့ အဲဒီ not ကို ဘယ်နေရာမှာ ထားလဲဆိုတဲ့ အပေါ်မူတည်ပြီး အဓိပ္ပါယ်ကွဲသွားတတ်တယ် ။
ပို ရှင်းသွားအောင် ဒီနှစ်ကြောင်း ယှဉ်ကြည့်ပါလား ။
Every girl I dated was not pretty.
ငါတွဲခဲ့တဲ့ မိန်းကလေးတွေတိုင်း မလှဘူး ( ဘယ်သူမှကို မလှတာ )
Not every girl I dated was pretty . ငါတွဲခဲ့တဲ့ မိန်းကလေးတိုင်းတော့ မလှဘူးပေါ့ကွာ ( လှတဲ့လူလည်း ရှိတော့ ရှိတာပေါ့ ..ဟဲဟဲ )
All elephants are not friendly .
ဆင်တွေအားလုံး ဖော်ဖော်ရွေရွေ မရှိကြဘူး ။ ( ဘယ်တစ်ကောင်မှ မဖော်ရွေ )
Not all elephants are friendly . ဆင်တိုင်းတော့ မဖော်ရွေပါဘူး ( ဖော်ရွေတဲ့ အကောင်လည်း ရှိပါတယ် )
Everyone doesn't like Nan Khin Zay Yar. နန်ခင်ဇေယျာကို လူတိုင်းမကြိုက်ဘူး ၊ ( ကြိုက်တဲ့လူတစ်ယောက်မှ မရှိဘူး ။)
Not everyone likes Nan Khin Zay Yar. လူတိုင်းက နန်းခင်ဇေယျာကို ကြိုက်နေတာ မဟုတ်ဘူးလေ ။ ( မကြိုက်တဲ့လူလည်း ရှိဦးမှာပေါ့။)
Everyone in our group is not rich.
ငါတို့အဖွဲ့ထဲက လူတိုင်းမချမ်းသာဘူး။ ( ဘယ်သူမှကို မချမ်းသာတာ )
Not everyone in our group is rich .
ငါတို့ အဖွဲထဲက လူတိုင်းတော့ မချမ်းသာဘူးပေါ့လေ ( ချမ်းသာတဲ့လူလည်း ရှိတော့ရှိတယ် )
All children do not have the opportunity for education. ကလေးတွေ အားလုံး ပညာသင်ခွင့် မရဘူး ( ဘယ်သူမှကို မရတာ )
Not all children have the opportunity for education. ကလေးတိုင်းတော့ ပညာသင်ခွင့် မရဘူး ( ရတဲ့သူလည်း ရှိတော့ရှိတယ် )
****ဒီလောက်ဆိုရင် Not ကို ထားတဲ့ နေရာပေါ်မူတည်ပြီး အဓိပ္ပါယ်ကွဲတတ်ကြောင်း ရေးရေးလေး သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် ။
Everyone on my facebook is not my friend. ကျမဖေ့ဘုတ်ခ်ပေါ်က လူတိုင်းဟာ ကျမ သူငယ်ချင်း မဟုတ်ပါဘူး ။ ( ဘယ်သူမှကို မဟုတ်တာ )
Not everyone on my facebook is my friend. ကျမ ဖေ့ဘုတ်ခ်ပေါ်က လူတိုင်းတော့ ကျမသူငယ်ချင်း ဘယ်ဟုတ်ပါ့မလဲ ( တစ်ယောက်တလေတော့ ဟုတ်တယ် )

No comments:
Post a Comment