Tuesday, January 29, 2013

English for All ( Spring Flowers )

English for All ( Spring Flowers )
'' If = တကယ်လို့ '' ဆိုတာ တစ်ခုခုဖြစ်ခဲ့သည်ရှိသော် နောက်တစ်ခုဖြစ်မယ်ဆိုတဲ့အဓိပ္ပါယ်ပေါ့ ။ condition ဆိုတဲ့ အခြေအနေပေါ်မှာ တည်မှီနေတာ မဟုတ်လား ။ ဒါကြောင့် If အသုံးကို Grammar မှာ Conditional လို့ ခေါ်တယ် ။

အဲဒီ Conditional ဆိုတဲ့ If အသုံးက အခြေခံအားဖြင့် ( ၃ ) မျိုး ရှိပါတယ် ။
Form ( 1 ) ကတော့ အလွယ်ဆုံးပါ ။ ဥပမာ


If U Thein Sein says sorry for what happened , the monks will not protest.
ဖြစ်ခဲ့တာတွေအတွက် ဦးသိန်းစိန်က တောင်းပန်ရင် ဘုန်းကြီးတွေက ဆန္ဒပြမှာ မဟုတ်ဘူး ။
( အလွယ်ဆုံးကို ရေးပေးလိုက်တာမိတာပါ ဘပြောင်.....ခွင့်လွှတ်ပါနော် ဟီး )


If ပါတဲ့ ၀ါကျက ရိုးရိုး Present Tense နဲ့ ရေးရပြီး နောက်ဝါကျက will + Verb နဲ့ ရေးရတယ် ။
If Present Tense, will + Verb .
သတိထားရမှာက တကယ်ဖြစ်နိုင်တဲ့ အခြေအနေမှာသာ ဒီ Form (1) ကို သုံးရတယ် ။ ဥပမာ

If I come, I will tell you.
If the weather is not good, we will cancel the match. ( match = ပြိုင်ပွဲ )
If there is a chance, we will come to visit you.

Form ( 2 ) ကတော့ မဖြစ်နိုင်တဲ့ဟာကို စိတ်ကူးယဉ်ပြီး ပြောတာပါ ။ ဥပမာ

If I were U Thein Sein , I would say sorry for what happened.
မီးမီးသာ ဘပြောင်ဆိုရင် ဖြစ်ခဲ့တာတွေကို တောင်းပန်မယ် ။ မဖြစ်နိုင်တာကို စိတ်ကူးယဉ်ပြီး ပြောတာ မဟုတ်လား ။ ဒါကြောင့်

If Past Tense , would + Verb ပါ ။ ရှင်းသွားအောင် ဥပမာတွေကိုထပ်ကြည့်ပါဦးနော် ။

If I had wings, I would fly to you. တောင်ပံတွေသာပါရင် မင်းဆီကို ပျံသန်းလာမယ်....။

If he won the lottery, he would travel around the world. သူသာထီပေါက်ရင် ကမ္ဘာကို ပတ်မယ် ။ ( ခုတော့ တဲအိုပျက်ထဲမယ် )

If I earned 1 million dollar a month, I would buy a Ferrari . ကျနော်သာ တစ်လကို ဒေါ်လာတစ်သန်းလောက်ဝင်ငွေရှိုလိုကတော့ ဖယ်ရာရီကားတစ်စီး ၀ယ်ပစ်မယ် ။


***ကျေးဇူးပြုပြီး သတိထားပါ။ Past Tense တွေနဲ့ ရေးထားပေမယ့် အခုအခြေအနေမှာ စဉ်းစားမိတာ မျှော်လင့်စိတ်ကူးယဉ်မိတာတွေကို ပြောနေတယ်ဆိုတာပါဘဲ ။


Form (3) ကတော့ အခက်ဆုံးမို့ သတိထားပါနော် ။ အတိတ်က ပြီးသွားတာကို နောင်တရပြီး ဒေါသဖြစ်ပြီး တမ်းတပြီး သို့မဟုတ် ကျေးဇူးတင်ပြီး ပြောတဲ့အခါ သုံးတယ် ။ သူ့ပုံစံက

If had + V3 , would have + V3 ပါ ။

If I had known the truth, I would have told you.
ငါသာ အမှန်ကို သိခဲ့ရင် မင်းကို ပြောခဲ့မှာပေါ့ကွာ ။ ( မသိလို့ မပြောခဲ့။ နောင်တရတဲ့အသံလေးနဲ့ ပြောတာ )

If she had studied harder, she would not have failed the exam.
သူမသာ စာကို ဒီထက်ပိုကြိုးစားခဲ့ရင် စာမေးပွဲ မကျဘူးပေါ့ ( ခုတော့ ကျပြီ ။ ဘာမှလုပ်လို့မရတော့ )

If they had not used the violence , the tragedy would not have occured.
သူတို့သာ အကြမ်းဖက်နည်းကို မသုံးခဲ့ရင် ဒီဝမ်းနည်းဖွယ်ကိစ္စကြီး ဖြစ်မှာ မဟုတ်ဘူး ။ ( ခုတော့အားလုံး ဆေးရုံရောက်ကုန်ပြီ )

If you had not saved me , I would not have survived.
မင်းသာမကယ်ရင် ငါအသက်ရှင်ခဲ့မှာ မဟုတ်ဘူး ။ ( အခုကယ်လိုက်လို့ ရှင်တယ် )

If you had told me that you loved me, I would not have gone away.
မင်းသာ ငါ့ကို ချစ်ကြောင်း ပြောခဲ့မယ်ဆိုရင် ငါဘယ်ထွက်သွားပါ့မလဲ ( ခုတော့ ဟင့် )

( မှတ်ချက် ။ ။ အခြေခံသင်ခန်းစာများသာ ဖြစ်ပါသည် )

1 comment:

  1. Casino Online - $1000 Welcome Bonus - JTM Hub
    Casino 영주 출장샵 Online is giving new customers a great 여수 출장마사지 deal with 군포 출장마사지 this great 전주 출장샵 offer. Claim 경주 출장안마 this bonus today. You can enjoy it as well.

    ReplyDelete

Total Pageviews