Tuesday, January 29, 2013

I should have done

အတိတ်မှာတုန်းက လုပ် '' သင့် '' တာကို မလုပ်ခဲ့လို့ အခုအချိန်မှာနောင်တရတဲ့ အနေနဲ့ ပြောရင် I should do လို့ မပြောရဘဲ I should have done လို့ ရေးရတာကို ပြောခဲ့ပြီးပါပြီ ။ ဥပမာ

You should have told me earlier.
မင်းငါ့ကို ဒီထက်အရင် ပြောခဲ့သင့်တယ် ။ ( အခုတော့ မဖြစ်သင့်တာဖြစ်ကုန်ပြီ )

They should have kept their promise.
သူတို့ကတိကို တည်ခဲ့သင့်တယ် ။ ( ကတိဖျက်လို့ ဒေါသနဲ့ ပြောတဲ့စကား )

I should not have drunk too much . ငါအလွန်အကျွံမသောက်ခဲ့သင့်ဘူး ။ ( အခုတော့ ကျွဲခိုးပေါ်ကုန်ပါပေါ့လား )

အဲဒီလိုအသုံးတစ်ခု အခု ထပ်ပြောပြပါရစေ ။

အတိတ်မှာ လုပ်'' နိုင် '' ရက်နဲ့ မလုပ်ခဲ့ရင် could + have + V3 ကို သုံးပါတယ် ။ ဥပမာ

I could have helped him . သူ့ကို ငါကူညီနိုင်ခဲ့သားဘဲ ( ဒါပေမယ့် မကူညီခဲ့ဘူး )

I could have gone to Oxford University but I preferred Harvard.
အောက်စဖို့ကို ငါသွားတက်နိုင်ခဲ့သားဘဲ ။ ဒါပေမယ့် ဟာဗတ်ကို ပိုသဘောကျတယ်လေ ( နောက်ဘ၀မှ ဂလို ဟန်ပါပါနဲ့ ပြောပစ်ဦးမယ် )

She could have married him but she didn't want to.
သူမက သူ့ကို လက်ထပ်နိုင်ခဲ့သားဘဲ ။ ဒါပေမယ့် ယူမှမယူချင်တာကိုး ( ဖြစ်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့တဲ့ အဓိပ္ပါယ် )

They could have bought a house here 20 years ago but chose not to.
သူတို့ ဒီမှာ လွန်ခဲ့တဲ့အနှစ် ၂၀ ကတည်းက အိမ်ဝယ်လို့ ရသားဘဲ ။ ဒါပေမယ့် မ၀ယ်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ကြတယ် ။ ( တတ်နိုင်ရက်နဲ့ မလုပ်ခဲ့ )


လုပ်နိုင်ရက်နဲ့ မလုပ်ခဲ့လို့ အပြစ်ပြောချင်တဲ့အခါလည်း သုံးတယ် ။
***************************
You could have phoned me to let me know.
မင်းကွာ...ငါ့ကို အသိပေးဖို့ ဖုန်းဆက်လို့ရသားနဲ့ ( မဆက်ခဲ့ဘူး )

They could have helped me instead of just sitting there.
ထိုင်နေမယ့်အစား သူတို့ ငါ့ကို ကူညီလို့ရနိုင်ရက်နဲ့ ( မကူညီခဲ့ကြဘူး )

I could have done more to help you. Sorry.
မင်းကို ငါ ဒီထက်ကူညီလို့ ရနိုင်ရက်သားနဲ့ကွာ ။ ဆောရီး ( မစောတော့ဘူး ပြောင်ရေ )

I couldn't have managed without you.
မင်းမပါဘဲ ငါ manage လုပ်နိုင်မှာမဟုတ်ဘူးကွာ ( မင်းကို ကျေးဇူးတင်တယ်ဆိုတဲ့သဘော )

I couldn't have got the job. He was always going to appoint his nephew.
ငါအလုပ်မရနိုင်ပါဘူးကွာ ။ သူက သူတူကို ခန့်ဖို့ လုပ်ပြီးသား။

ဖြစ်နိုင်တာကို ခန့်မှန်းပြီး ပြောရာမှာလည်းသုံးတယ် ။
***********************************
Mary could have taken the earlier train.
မေရီက ဒီထက်စောတဲ့ ရထားကို စီးရင်လည်း စီးလာနိုင်တာဘဲ ။ ( မေရီရထားပေါ် ရောက်နေချိန် မျှော်နေသူတွေက ခန့်မှန်းပြောတဲ့စကား )

Mg Mg could have told her.
မောင်မောင်က သူမကို ပြောရင် ပြောလိုက်မှာနော် ( ခုလောက်ဆို သူမသိနေလောက်ပြီ )

She could have overheard what I said.
ငါ ပြောတာကို သူမ မတော်တဆ ကြားသွားနိုင်လောက်တယ်.....( တိန် )

ဒီ Link ကို သွားကြည့်ပါဦး
https://www.facebook.com/photo.php?fbid=403340573071186&set=a.356850597720184.81083.100001857416736&type=3&theater

No comments:

Post a Comment

Total Pageviews