Tuesday, January 29, 2013

The ဆိုတာ article နှစ်မျိုးထဲက တိကျတဲ့အာတီကယ်မဟုတ်လား ။ definite article လို့ ခေါ်တယ် ။

ပျင်းစရာကောင်းမှန်းသိပေမယ့် အဆက်အစပ်မိတုန်း တခါတည်းဘဲ ဆက်ပြောခွင့်ပြုပါ ။ The ဆိုတာ article နှစ်မျိုးထဲက တိကျတဲ့အာတီကယ်မဟုတ်လား ။ definite article လို့ ခေါ်တယ် ။

( မတိကျတဲ့အာတီကယ်တွေကတော့ a နဲ့ an ဆိုသာ သိပြီးသားလို့ ယူဆပါတယ် )

ဒီတော့ များသောအားဖြင့် တိကျမှ The ကိုထည့်တယ် ။ တိတိကျကျမရည်ညွှန်းတဲ့ နေရာတွေမှာ The မထည့်ရပါ ။ ဥပမာ

I am afraid of dogs. ( ကျနော် ခွေးတွေကို ကြောက်တယ် ။ ဘယ်ခွေးလို့ မရည်ရွယ်ဘူး ။ ဒါကြောင့် the dogs လို့ မရေးရ )

Doctors are paid more than teachers. ( ဆရာဝန်တွေဟာ ဆရာဆရာမတွေထက် လစာပိုကောင်းတယ် ။ ဘယ်ဆရာဝန်ဘယ်ဆရာဆရာမလို့ မရည်ရွယ်ဘူး )

Crime is a problem in most big cities. ရာဇ၀တ်မှုဟာ မြို့ကြီးတွေမှာ ပြသာနာတစ်ခုဘဲ ( the crime လို့ မရေးရ )

Life has changed a lot in the last thirty years. လွန်ခဲ့တဲ့ အနှစ်သုံးဆယ်အတွင်းမှာ ဘ၀က အတော်ပြောင်းခဲ့တယ် ( ဘယ်သူ့ဘ၀ရယ်လို့ မရည်ညွှန်း)

Do you like Chinese food ? ( ဘယ်တရုတ်အစားအစာရယ်လို့ မရည်ညွှန်း )

***နောက်တစ်ခုကတော့ အားစကားနဲ့ ဘာသာရပ်တွေရှေ့မှာ ယေဘုယျပြောရင်လည်း The မထည့်ရ ။
My favourite sport is football.
My favourite subject is English.

ဒီစာကြောင်းလေးတွေကို နှိုင်းယှဉ်ကြည့်ပါလား ။

(1) Children learn from playing . ( ကလေးတွေက ကစားရင်းနဲ့ တတ်သွားကြတာဘဲ ။ဘယ်ကလေးလို့ မရည်ရွယ် )

We took the children to the zoo. ( ကလေးတွေကို ငါတို့ တိရစ္ဆာန်ရုံခေါ်သွားတယ် ။ ဘယ်ကလေးဆိုတာ တိတိကျကျ ရည်ရွယ်ပြီး ပြောတာဖြစ်တယ် )

ဒါလေးတွေကို ကိုယ့်ဘာသာကိုယ် ဘာသာပြန်ကြည့်ပြီး နိုင်းယှဉ်ကြည့်ပါနော် ။

(2 ) I couldn't live without music.
The film wasn't very good, but I liked the music.

(3) All cars have wheels.
All the cars in this park belong to people who work here.

(4) Sugar isn't very good for you.
Can you pass the sugar, please?

(5) English people drink a lot of tea.
The English people I know drink a lot of tea.

(6) I like working with people.
I like the people I work with.

(7) Do you like coffee ?
Did you like the coffee we had after dinner last night?

အားလည်းနာတယ် ခင်လည်းခင်တယ် ။ The ကိစ္စက မပြီးသေးဘူး ။ နောက်တစ်ခုကျန်သေးတယ်နော် :D
171179Like · ·

No comments:

Post a Comment

Total Pageviews