Thursday, January 31, 2013

How to Improve Spoken American English - Sound like a Native Speaker


Uploaded on Dec 26, 2011
SUBSCRIBE! http://bit.ly/RE_sub, ESL: How to Improve Spoken American English. This video outlines two different exercises you can do to reduce your accent and improve your pronunciation.

Improve your American Accent / spoken English at Rachel's English with video-based lessons and exercises.

See the transcript for this video: http://rachelsenglish.com/sound_native


Cải thiện nói tiếng Anh Mỹ / 음성 미국 영어를 향상 / 話されているアメリカ英語を向上させる / Улучшите свой американский акцент / Meningkatkan berbicara bahasa Inggris Amerika / Melhorar a fala Inglês Americano / Mejorar el habla Inglés Americano / 提高口语的美式英语 / बात अमेरिकी अंग्रेजी में सुधार / تحسين محادثة اللغة الإنجليزية الامريكية

...with Rachel's English!

subscribe:
http://www.YouTube.com/subscription_center?add_user=RachelsEnglish
website: http://www.RachelsEnglish.com

Tuesday, January 29, 2013

adverb ( ကြိယာဝိသေသန ) ဆိုရင် ly နဲ့ အဆုံးသတ်တယ်

များသောအားဖြင့် ငယ်ငယ်တုန်းက သင်ပေးလိုက်ကြတာက adverb ( ကြိယာဝိသေသန ) ဆိုရင် ly နဲ့ အဆုံးသတ်တယ်လို့ ပါ ။ ဥပမာ careful = ဂရုစိုက်သော ( adjective ) က carefully = ဂရုစိုက်စွာ ( adverb ) ဖြစ်သွားတယ် ။

မမှားပါဘူး ။ ဒါပေမယ့် အဲလောက်နဲ့တင်မပြီးသေးကြောင်းပါ ။ ly နဲ့ ဆုံးတဲ့ adjective ( နာမ၀ိသသန ) များလည်း ရှိသေးကြောင်း သိစေအပ်ပါတယ် ။ အလွယ်ဆုံးတွေကိုဘဲ အရင်ပြောကြည့်ရအောင် ..........။ noun တွေနဲ့ တခါတည်း တွဲရေးပေးလိုက်ပါတယ် ...မိမိဖာသာ ဥာဏ်ရှိသလို တခြား noun တွေနဲ့ ပြောင်းလဲသုံးပေါ့နော် ။


motherly feeling အမေတစ်ယောက်လို ခံစားချက်

fatherly advice အဖေတစ်ယောက်လိုပေးတဲ့ အကြံ

brotherly protection ညီ/ အစ်ကိုကဲ့သို့ ကာကွယ်ပေးမှု

sisterly look ညီ အစ်မသဖွယ် အကြည့်

wifely duties ဇနီးမယားတို့ရဲ့ တာဝန်များ

friendly attitude ခင်ခင်မင်မင်ရှိသော သဘောထား

deadly weapon သေစေလောက်သော လက်နက် ( လူသတ်လက်နက် )

womanly figure မိန်းမတစ်ယောက်လိုပုံစံ ( ကနွဲ့ကလျ စသည်ဖြင့် )

manly sports ယောက်ျားတွေကစားတဲ့ အားကစား ( ဥပမာ ဘောလုံး )

homely atmosphere အိမ်လို နွေးထွေးတဲ့ ပတ်ဝန်းကျင်

stately house ကြီးကျယ်ခမ်းနားသော အိမ်

orderly room စနစ်ကျသပ်ရပ်သော အခန်း

sickly child ချူခြာသော ကလေး ( sick = နေမကောင်းသော , sickly = မကြာခဏနေမကောင်းဖြစ်တတ်သော ၊ ချူခြာပုံရသော )

comely behaviour သဘောကျ နှစ်လိုဖွယ် အမူအရာ


ဒါဆို ဟောဒီ ly နဲ့ အဆုံးသတ်တဲ့ adjective တွေထဲမှာ ဘယ်နှလုံးလောက် ကိုယ်သိပြီးသားရှိလဲ ကြည့်ပါဦး ။ မသိရင် အဘိဓါန်လှန်ဖို့ ပျင်းဦးမှာလားဟင်....စောင့်ကြည့်နေမယ်နော် ( ရမလားလို့ ခြောက်ကြည့်တာပါ ....ဘိုင်ဘိုင် ) ။


lovely , prickly , curmudgeonly , lonely , bubbly , portly , shapely, ugly, crinkly, sly, courtly, spritedly, wriggly, courtly, dastardly, wrinkly, wily, woolly , mealy, crumbly, hilly, silly, frilly, chilly, sparkly, curly

In case အသုံး

In case အသုံး

************
အရမ်းလွယ်ပါတယ် ။ ဒါပေမယ့် အရမ်းရှမ်းနိုင်တဲ့ အသုံးဖြစ်ပြီး grammer test တွေမှာ အမြဲပါတတ်တာမို့ ဖော်ပြလိုက်ပါတယ် ။

In case = '' စိုးလို့ .....(သို့မဟုတ်)......လိုလိုမယ်မယ် ....'' ဆိုတဲ့ အဓိပ္ပါယ် မဟုတ်လား ။ အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတာကို ရည်ညွှန်းတာပေါ့ ။ ဒါပေမယ့် သုံးတဲ့အခါ in case ပါတဲ့ ၀ါကျမှာ လုံးဝ future ကို မသုံးရပါဘူး ။ ဥပမာ


Take the mobile phone in case the car breaks down.
ကားပျက်နေမှာစိုးလို့ လိုလိုမယ်မယ် မိုဘိုင်းဖုန်းကို ယူသွားနော် ။ ( ကားပျက်တာက အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတာကို ပြောတာ ။ ဒါပေမယ့် will break down လို့ မသုံးရဘူး )


In case I forget, remind me to check the mails.
ငါမေ့နေမှာစိုးလို့ မေးလ်တွေကို စစ်ဖို့ သတိပေးဦးနော် ။ ( In case I will forget လို့ မရေးရပါ )


I have bought some candles in case there are more electricity cuts .
မီးထပ်ပျက်မှာ စိုးလို့ ဖယောင်းတိုင်တချို့ ၀ယ်ခဲ့တယ် ။ ( မလိုပါဘူး။ အင်ဗာတာ အားသွင်းထားတယ်လေ :D In case there will be လို့ မရေးရပါ )


I will fill up the car with patrol in case you need to go to Mandalay.
မင်း မန္တလေးသွားဖို့ လိုခဲ့သည်ရှိသော် သွားနိုင်အောင် ငါကားကို ဆီဖြည့်ထားပါ့မယ် ။ ( ရှေ့က ၀ါကျမှာ will နဲ့ အနာဂတ်ကို ညွှန်ပေမယ့် in case ၀ါကျမှာ will မသုံးရပါဘူး ။ )


နောက်ထပ်ဥပမာလေးတွေကို သတိထားကြည့်ပါနော် ။

I will draw a map for you in case you have difficulty finding my house.

I will remind them about the meeting in case they have forgotten.

We'll buy some more food in case Mg Mg comes.

I'll give you my phone number in case you need to contact me.

You should insure your bike in case it is stolen.


***** သတိထားရန် ။

အတိတ်ကို ပြန်ပြောတယ်ဆိုရင်လည်း ရိုးရိုး Past Tense ဆိုရင် ရပါပြီ ။ ဥပမာ

I drew a map for her in case she had difficulty finding my house.

We rang the door bell again in case they hadn't heard it the first time.

I bought some candles in case there were more electricity cuts.


ကဲ....ကြုံတုန်း ၀ါကျလေးတွေ လုပ်သွားကြည့်ပါလား ....အားမနာပါနဲ့ :D


(၁) ကွန်ပြူတာ ပျက်သွားမှာစိုးလို့ လိုလိုမယ်မယ် ဖိုင်တွေကို မင်း back up လုပ်ထားသင့်တယ် ။


(၂) ဗိုက်ဆာမှာစိုးလို့ လိုလိုမယ်မယ် ချောကလက်တွေ ယူသွားပါ ။


(၃) အမေစိတ်ပူနေမှာစိုးလို့ လိုလိုမယ်မယ် သူမကို ငါဖုန်းဆက်ခဲ့တယ် ။

In case of နဲ့ In the case of ဘာကွာသလဲ ။

In case of နဲ့ In the case of ဘာကွာသလဲ ။
*********************************

In case of ဆိုတာက ခုနက ပြောလိုက်တဲ့ in case သဘောပါဘဲ ။ နောက်က noun ထည့်ပြီး ပြောတာပါ ။ အဓိပ္ပါယ်က လိုလိုမယ်မယ် (သို့) စိုးလို့ ( သို့ ) ဖြစ်ခဲ့သည်ရှိသော် ။


ရှင်းသွားအောင် ဥပမာနှိုင်းယှဉ်ချက်ကို ကြည့်လိုက်ပါ ။ အဓိပ္ပါယ်တူပါတယ် ။

In case there is a fire, please leave the building.
In case of fire, please leave the building.


Call 199 in case there is an emergency .
In case of emergency , call 199. ( အဲဒီ နံပါတ်ဟုတ်လား ဟင် ။ သေချာမမှတ်မိဘူး )


In the case of ဆိုတာကလည်း လွယ်ပါတယ် ။ အဓိပ္ပါယ်သာ လုံးဝမတူတာ ။ များသောအားဖြင့် အမှုကိစ္စတွေမှာ သုံးတယ် ။

In the case of the man arrrested for killing two people ....
လူနှစ်ယောက်သတ်လိုက်မှုနဲ့ အဖမ်းခံထားရတဲ့သူကိစ္စမှာ...


There were 9 witnesses in the case of a woman charged with arson.
ရှို့မီးကိစ္စနဲ့ တရားစွဲခံထားရတဲ့ မိန်းမကိစ္စမှာ မျက်သက်သေ ၉ ယောက်ရှိတယ် ။


In the case of a person suffering severe burns, you should do xxx .
အကြီးအကျယ် မီးလောင်ခံရတဲ့ လူကိစ္စမှာဆိုရင် မင်းလုပ်သင့်တာက .....( xxx နေရာမှာ ကိုယ်ထည့်ချင်တာ ထည့်ပါ.....လောလောဆယ်တော့ ဘပြောင်ကို ကလော်တုတ်ချင်သလားလို့ )


အဓိက ပြောချင်တာကတော့ article ဖြစ်တဲ့ the တစ်လုံး ထည့်လိုက်တာနဲ့ အဓိပ္ပါယ်တွေ ပြောင်းကုန်တတ်ကြောင်း ပါဘဲ ။
In case of နဲ့ In the case of ဘာကွာသလဲ ။
*********************************

In case of ဆိုတာက ခုနက ပြောလိုက်တဲ့ in case သဘောပါဘဲ ။ နောက်က noun ထည့်ပြီး ပြောတာပါ ။ အဓိပ္ပါယ်က လိုလိုမယ်မယ် (သို့) စိုးလို့ ( သို့ ) ဖြစ်ခဲ့သည်ရှိသော် ။


ရှင်းသွားအောင် ဥပမာနှိုင်းယှဉ်ချက်ကို ကြည့်လိုက်ပါ ။ အဓိပ္ပါယ်တူပါတယ် ။

In case there is a fire, please leave the building.
In case of fire, please leave the building.


Call 199 in case there is an emergency .
In case of emergency , call 199. ( အဲဒီ နံပါတ်ဟုတ်လား ဟင် ။ သေချာမမှတ်မိဘူး )


In the case of ဆိုတာကလည်း လွယ်ပါတယ် ။ အဓိပ္ပါယ်သာ လုံးဝမတူတာ ။ များသောအားဖြင့် အမှုကိစ္စတွေမှာ သုံးတယ် ။

In the case of the man arrrested for killing two people ....
လူနှစ်ယောက်သတ်လိုက်မှုနဲ့ အဖမ်းခံထားရတဲ့သူကိစ္စမှာ...


There were 9 witnesses in the case of a woman charged with arson.
ရှို့မီးကိစ္စနဲ့ တရားစွဲခံထားရတဲ့ မိန်းမကိစ္စမှာ မျက်သက်သေ ၉ ယောက်ရှိတယ် ။


In the case of a person suffering severe burns, you should do xxx .
အကြီးအကျယ် မီးလောင်ခံရတဲ့ လူကိစ္စမှာဆိုရင် မင်းလုပ်သင့်တာက .....( xxx နေရာမှာ ကိုယ်ထည့်ချင်တာ ထည့်ပါ.....လောလောဆယ်တော့ ဘပြောင်ကို ကလော်တုတ်ချင်သလားလို့ )


အဓိက ပြောချင်တာကတော့ article ဖြစ်တဲ့ the တစ်လုံး ထည့်လိုက်တာနဲ့ အဓိပ္ပါယ်တွေ ပြောင်းကုန်တတ်ကြောင်း ပါဘဲ ။

နောက်ထပ်ထူးဆန်းတဲ့ the သုံးနည်း ရှိသေးတယ်

နောက်ထပ်ထူးဆန်းတဲ့ the သုံးနည်း ရှိသေးတယ် ။ နေရာတစ်ခုကို အဲဒီနေရာနဲ့ သက်ဆိုင်တဲ့ ကိစ္စနဲ့ သွားတယ်ဆိုရင် the မထည့်ရဘူး ။ ဥပမာ ကျောင်းတက်ဖို့အတွက် ကျောင်း သို့မဟုတ် တက္ကသိုလ်ကိုသွားတယ် ၊ ဒါမှမဟုတ် ဆေးရုံကို လူနာအနေနဲ့ သွားတယ် ၊ ဘုရားကျောင်းကို ဘုရားရှိခိုးဖို့သွားတယ် စသည်ဖြင့်ဆိုရင် school, hospital , university , church တို့ရှေ့မှာ the မထည့်ရဘူး ။ နှိုင်းယှဉ်ချက် ဥပမာကို ကြည့်ရင် ရှင်းသွားမှာပါ ။

(1) Mya Mya is 7 years old. Every day she goes to school .
( မြမြကျောင်းကို သွားတာ ကျောင်းတက်ဖို့။ တခြားကိစ္စကြောင့်မဟုတ် ။ ဒါကြောင့် the မထည့်ရပါ )

Today Mya Mya's mother wants to speak to her daughter's teacher. So she has gone to the school to see her. She is at the school now.
ဒီနေ့ မြမြအမေဟာ ဆရာမနဲ့စကားပြောချင်တယ် ၊ ဒါကြောင့် ဆရာမနဲ့တွေ့ဖို့ ကျောင်းကို သွားတယ် ။ အခု မြမြအမေ ကျောင်းမှာ ။ ( ကျောင်းသားမဟုတ်ဘဲ တခြားကိစ္စတစ်ခုနဲ့ ကျောင်းကိုသွားတာမို့ the school လို့ ရေးရတယ် )

(2) His brother is in prison for robbery. သူ့အစ်ကိုကတော့ ဓမြမှုနဲ့ ထောင်ထဲမှလေ
( ထောင်သားအဖြစ်နဲ့ ထောင်ထဲ ရောက်နေတာမို့ prison လို့ဘဲ ရေးရတယ် )

Ko Ko went to the prison to visit his brother.
ကိုကိုက ထောင်ထဲမှာ သူ့အစ်ကိုကို တွေ့ဖို့သွားတယ် ( ကိုကိုက ထောင်သားမဟုတ်ဘဲ ထောင်ကို အလည်သွားတာမို့ the prison လို့ ပြောရတယ် )

(3) Mg Mg had an accident last week. He was taken to hospital. He is still in hospital now.
ကိုကိုဟာ လွန်ခဲ့တဲ့ တပတ်က အက်စီးဒန့်ဖြစ်ပြီး ဆေးရုံရောက်သွားတာ ခုထိလည်း ဆေးရုံမှာဘဲ ( လူနာအနေနဲ့ ဆေးရုံရောက်နေတာ the မထည့်ဘူး ။ )

(4) When I leave school, I want to go to univeristy.
ကျနော်ကျောင်း ပြီးရင် တက္ကသိုလ်ကို သွားတက်ချင်တယ် ။ ( ကျောင်းသားအနေနဲ့မို့ school တို့ university တို့ ရှေ့မှာ the မထည့်ပါ )

Excuse me, where is the university, please ? ( တက္ကသိုလ်ဘယ်မှာလဲဆိုပြီး တိုးရစ်စ်တစ်ယောက်ယောက်က ဖြစ်ဖြစ် မေးတာမျိုး ကြုံဖူးမှာပေါ့ ။ ဒါကြောင့် the ထည့် )

(5) His father goes to church every Sunday .
( ဆန်းဒေးတိုင်း ဘုရားကျောင်းကို ဘုရားရှိခိုးဖို့သွားတာမို့ church ရှေ့မှာ the မထည့်ရ )

Some workmen went to the chruch to repair the roof. ( အလုပ်သမားတွေ ဘုရားကျောင်းခေါင်းမိုးကို သွားပြင်တာ religious service အတွက်သွားတာမဟုတ်လို့ the ထည့်ရတယ် )

အင်း....မင်းတို့နှစ်ယောက်ကတော့ ပျော်နိုင်သူတွေဆိုတော့ ပျော်ကြပေါ့ကွယ် ။ ငါတို့မှာ မင်းတို့စကားကိုသင်ရင်း လုံးလည်ချာလည်လိုက်နေပြီ.... ဟင်း ။ ဒါတောင် the ကိစ္စက ဒီမှာမပြီးသေးဘူး ။ ဒီနေ့တော့ ဒီလောက်ဘဲ ။
— with စက္ကဝါ ဆာန်.

The ကို ဘယ်နေရမှာ သုံးလဲ

တစ်ယောက်က The ကို ဘယ်နေရမှာ သုံးလဲ လို့ မေးတယ် ။ တကယ်တော့ အဲလို အထင်စမောစရာ အသုံးလေးတွေက မှတ်ရတာ အများဆုံးနဲ့ ဒုက္ခအပေးဆုံးဘဲ ။ နောက်ပြီး ၀ိုးတိုးဝါးတားအဖြစ်ဆုံး ။ ဒီတော့ ချာမလည်း အလွတ်မရဘူး ဟီး....စာအုပ်တွေ လှန်ကြည့်ပြီးမှ အတတ်နိုင်ဆုံး သမိုင်းကြောင်းတွေ လှန်မနေဘဲ အလွယ်ဆုံးနည်းနဲ့ ရှင်းပြဖို့ ကြိုးစားကြည့်ပါ့မယ် ။ ပိတ်သတ်များက ထုံးစံအတိုင်း လက်တစ်ဆစ်လောက် ထပ်ရှည်ပေးကြပါ ။

The ကို တိတိကျကျ ပြောချင်ရင် သုံးတယ် ။ ဥပမာ

(1) လောကကြီး ၊ ကမ္ဘာကြီးမှာ တစ်ခုတည်းသာရှိတဲ့ အရာတွေ
The earth , the sun, the moon, the Pacific Ocean , the world, the Nile ( နိုင်းမြစ် ) , the Ayeyarwaddy , the Himalayas ( ဟိမ၀န္တာတောင်တန်းများ ) ...etc

(2 ) the sky , the sea, the ground, the country , the environment စတဲ့ ကျယ်ပြန့်တဲ့ အရာတွေကို ခြုံငုံရည်ညွှန်းတဲ့အခါ the ထည့်ရတယ် ။

We looked up at all the stars in the sky . ( in sky လို့ မရေးရ )
Would you like to live in the country ? ( country = ကျေးလက်ကို ရည်ညွှန်း )
We must do more to protect the environment. ( ကိုယ်ပတ်ဝန်းကျင်သဘာဝလောကကြီးကို ရည်ညွှန်း )

(3) space မှာ စကြာင်္ဝဌာထဲက space ကို ရည်ညွှန်းရင် the မထည့်ရ ။ ဥပမာ
There are millions of stars in space.

နေရာ space ကို ညွှန်းရင် ထည့်တယ် ။
I tried to park my car, but the space was too small. ကားကို ပါကင်မှာရပ်ထားဖို့ ကြိုးစားတယ် ။ ဒါပေမယ့် နေရာက သေးလွန်းနေတယ် ။

(4) same ရဲ့ ရှေ့မှာ the ထည့်တယ် ။ ဥပမာ
Your dress is the same colour as mine. ( same colour လို့ မရေးရပါ )
Are these keys the same ? ဒီသော့တွေက အတူတူဘဲလား ။

(5) တချို့အသုံးတွေကျတော့ အသေကျက်ထားရတယ် ။ ဥပမာ
the cinema , the theatre
I go to the cinema a lot, but I haven't been to the theatre for ages .

(6) အဲ...နောက်တစ်ခုကတော့ radio ရှေ့မှာ များသောအားဖြင့် the ထည့်တယ် ။
I listen to the radio a lot.
We heard the news on the radio .

(7) television ကျတော့ the ထည့်တာရှိသလို မထည့်တာလည်း ရှိတယ် ။ တီဗီ ကြည့်တယ်ဆိုတဲ့သဘောဆိုရင် မထည့်ရဘူး ။
I watch television a lot.
We heard the news on television .

ဒါပေမယ့် တီဗီကို စက်အနေနဲ့ ရည်ညွှန်းရင် ထည့်တယ် ။ ဥပမာ
Can you turn off the television, please ?
တီဗီ ( စက် ) ကို ပိတ်လိုက်လို့ ရမလား ။ ( ဒီနေရာမှာ the television = the television set )

(8) breakfast, lunch , dinner ရှေ့မှာ များသောအားဖြင့် မထည့်ဘူး ။
What did you have for breakfast ?
We had lunch in a very nice restaurent.
What time is dinner ?

နောက်သင်ခန်းစာကျမှ ကျန်တာဆက်ပြောပါရစေ။ တခါတည်းနဲ့ အကုန်ပြောရင် မူးသွားမှာစိုးလို့ ။ တော်တော်ရှည်တဲ့ အင်္ဂလိပ်တွေဘဲ နော် ။ ဘ၀ကြီးက ရှုပ်ထွေးပါတယ်ဆိုမှ အခု ပိုရှုပ်သွားပြီ ......ဟွန်း ()း

The ဆိုတာ article နှစ်မျိုးထဲက တိကျတဲ့အာတီကယ်မဟုတ်လား ။ definite article လို့ ခေါ်တယ် ။

ပျင်းစရာကောင်းမှန်းသိပေမယ့် အဆက်အစပ်မိတုန်း တခါတည်းဘဲ ဆက်ပြောခွင့်ပြုပါ ။ The ဆိုတာ article နှစ်မျိုးထဲက တိကျတဲ့အာတီကယ်မဟုတ်လား ။ definite article လို့ ခေါ်တယ် ။

( မတိကျတဲ့အာတီကယ်တွေကတော့ a နဲ့ an ဆိုသာ သိပြီးသားလို့ ယူဆပါတယ် )

ဒီတော့ များသောအားဖြင့် တိကျမှ The ကိုထည့်တယ် ။ တိတိကျကျမရည်ညွှန်းတဲ့ နေရာတွေမှာ The မထည့်ရပါ ။ ဥပမာ

I am afraid of dogs. ( ကျနော် ခွေးတွေကို ကြောက်တယ် ။ ဘယ်ခွေးလို့ မရည်ရွယ်ဘူး ။ ဒါကြောင့် the dogs လို့ မရေးရ )

Doctors are paid more than teachers. ( ဆရာဝန်တွေဟာ ဆရာဆရာမတွေထက် လစာပိုကောင်းတယ် ။ ဘယ်ဆရာဝန်ဘယ်ဆရာဆရာမလို့ မရည်ရွယ်ဘူး )

Crime is a problem in most big cities. ရာဇ၀တ်မှုဟာ မြို့ကြီးတွေမှာ ပြသာနာတစ်ခုဘဲ ( the crime လို့ မရေးရ )

Life has changed a lot in the last thirty years. လွန်ခဲ့တဲ့ အနှစ်သုံးဆယ်အတွင်းမှာ ဘ၀က အတော်ပြောင်းခဲ့တယ် ( ဘယ်သူ့ဘ၀ရယ်လို့ မရည်ညွှန်း)

Do you like Chinese food ? ( ဘယ်တရုတ်အစားအစာရယ်လို့ မရည်ညွှန်း )

***နောက်တစ်ခုကတော့ အားစကားနဲ့ ဘာသာရပ်တွေရှေ့မှာ ယေဘုယျပြောရင်လည်း The မထည့်ရ ။
My favourite sport is football.
My favourite subject is English.

ဒီစာကြောင်းလေးတွေကို နှိုင်းယှဉ်ကြည့်ပါလား ။

(1) Children learn from playing . ( ကလေးတွေက ကစားရင်းနဲ့ တတ်သွားကြတာဘဲ ။ဘယ်ကလေးလို့ မရည်ရွယ် )

We took the children to the zoo. ( ကလေးတွေကို ငါတို့ တိရစ္ဆာန်ရုံခေါ်သွားတယ် ။ ဘယ်ကလေးဆိုတာ တိတိကျကျ ရည်ရွယ်ပြီး ပြောတာဖြစ်တယ် )

ဒါလေးတွေကို ကိုယ့်ဘာသာကိုယ် ဘာသာပြန်ကြည့်ပြီး နိုင်းယှဉ်ကြည့်ပါနော် ။

(2 ) I couldn't live without music.
The film wasn't very good, but I liked the music.

(3) All cars have wheels.
All the cars in this park belong to people who work here.

(4) Sugar isn't very good for you.
Can you pass the sugar, please?

(5) English people drink a lot of tea.
The English people I know drink a lot of tea.

(6) I like working with people.
I like the people I work with.

(7) Do you like coffee ?
Did you like the coffee we had after dinner last night?

အားလည်းနာတယ် ခင်လည်းခင်တယ် ။ The ကိစ္စက မပြီးသေးဘူး ။ နောက်တစ်ခုကျန်သေးတယ်နော် :D
171179Like · ·

အမျိုးအစားကို ရည်ညွှန်းရင် The + singular noun ကို သုံးရတယ်

The နဲ့ ပတ်သက်ပြီး နောက်ဆုံးသင်ခန်းစာများထဲက တစ်ခုပါ ။ အမျိုးအစားကို ရည်ညွှန်းရင် The + singular noun ကို သုံးရတယ် ။ ဥပမာ


The giraffe is the tallest animal of all animals.
ကုလားအုတ်ဟာ တိရစ္ဆာန်တွေထဲမှာ အရပ်အရှည်ဆုံးဘဲ ( ဘယ်ကုလားအုတ်လို့ မရည်ညွှန်းဘဲ ကုလားအုတ်အမျိုးအစားတခုလုံးကို ရည်ညွှန်းထားတာ ဖြစ်တယ် ။

*** ဒါကြောင့် The giraffe ဆိုပြီး The + giraffee မှာ s မထည့်ဘဲ singular noun နဲ့ ရေးတာပါ )

The bicycle is an excellent means of transport.
( စက်ဘီးဆိုတဲ့ စက်အမျိုးအစားတစ်ခုလုံးကို ရည်ညွှန်းတယ် )


When was the telephone invented ?
( တယ်လီဖုန်းဆိုတဲ့ စက်ပစ္စည်းအမျိုးအစားကို ဆိုလိုတယ် )


The dollar is the currency of the United States.
( ဒေါ်လာငွေကြေးအမျိုးအစားတစ်ခုလုံးကို ရည်ညွှန်းတယ် )


*** ဂီတနဲ့ ပတ်သက်တဲ့ ကိရိယာတွေ musical instruments တွေကို ယေဘုယျပြောရင် The ထည့်တယ် ။

Can you play the guitar ?
မင်းဂစ်တာတီးတတ်လား ( ဂစ်တာဆိုတဲ့ ကိရိယာကို တီးတတ်လား လို့ မေးတာ ။ ဘယ်ဂစ်တာလို့ မဆိုလို )

The piano is my favourite instrument. စန္ဒယားဟာ ငါ့အကြိုက်ဆုံး ကိရိယာဘဲ ။


*** a , an ထည့်တာနဲ့ နှိုင်းယှဉ်ချက်ကို ကြည့်ပါ ။

I 'd like to have a piano.
I can't play the piano.

We saw a giraffee at the zoo.
The giraffee is my favorite animal.


The နဲ့ ပတ်သက်ပြီး အရေးကြီးတာ နည်းနည်းကျန်ပါသေးတယ် ။ နောက်နေ့မှ ပြောပါရစေ ။ အခုထိ ပြောသွားတာက ရှုပ်နေနိုင်တယ်ဆိုတာ သိပါတယ် ။ language တစ်ခုရဲ့ sense ကို ရဖို့ဆိုတာ practice ကလည်း အရေးကြီးပါတယ် ။ ဒီတော့ ထပ်ခါတလဲလဲ ပြန်ဖတ်ပြီး လက်တွေ့မှာ သတိထားသုံးကြည့်ရင် အဆင်ပြေမှာ အမှန်ပါဘဲ။

စကားပုံဟောင်းကြီးကလည်း မှန်နေသေးတုန်းဘဲ မဟုတ်လား ........Practice makes perfect လေ ။

The + Nationality

ရုတ်တရက်ဆိုရင် သတိလုံးဝမထားမိတဲ့ The အသုံးတစ်ခုကတော့ The + Nationality ပါ ။ ဥပမာ the French , the English , the Spanish ဆိုတာ လူမျိုး တစ်ရပ်လုံးကို ကိုယ်စားပြုတာ ဖြစ်တယ် ။


***ပြင်သစ်လူမျိုးများ ၊ အင်္ဂလိပ်လူမျိုးများ ၊ စပိန်လူမျိုးများ ဆိုပြီး လူမျိုးတစ်ရပ်လုံးကို ရည်ညွှန်းပြီး the ထည့်ပေမယ့် s တို့ es တို့ ထည့်ဖို့ မလိုပါဘူး ။ The Frenches တို့ , the Englishes တို့, the Spanishes တို့ လုပ်စရာမလိုပါ ။ ဥပမာ


The French are famous for their food. ပြင်သစ်တွေဟာ သူတို့ အစားအစာကြောင့် နာမည်ကြီးတယ် ။ ( ပြင်သစ်လူမျိုးတွေလို့ ရည်ညွှန်းပေမယ့် s , es မထည့်ရ )



***ပြင်သစ်တစ်ယောက် ၊ သို့မဟုတ် အင်္ဂလိပ်တစ်ယောက်လို့ ပြောချင်ရင် A French , An English လို့ မပြောရဘူး ။ A Frenchman, A Frenchwoman, An Englishman , An Englishwoman လို့ ပြောရတယ် ။

တရုတ်လူမျိုးများ ၊ ဂျပန်လူမျိုးများ ဆိုရင်လည်း ဒီလိုဘဲ ။

The Chinese invented printing. ပုံနှိပ်အတတ်ကို တရုတ်လူမျိုးများက တီထွင်ခဲ့တယ် ။ ( Chineses ဆိုပြီး အများလုပ်ဖို့ s ထည့်စရာမလို )

The Japanese are known for their technology.

***တရုတ်တစ်ယောက် ၊ ဂျပန်တစ်ယောက်လို့ ပြောချင်ရင်ကျတော့ ခုနကလို man တွေ woman တွေ ထည့်စရာမလိုဘူး .

A Chinese, A Japanese ဆိုရင် ရပြီ ။


***ဆွစ်ဇာလန်ကျတော့ တမျိုး ။ A Swiss ဆိုပြီး ဆွစ်စ်လူမျိုး တစ်ယောက်လို့ ပြောလို့ရသလို the Swiss ဆိုပြီး ပြောရင် ဆွစ်လူမျိုများ ( the people of Swizerland ) ကို ရည်ညွှန်းတယ် ။ ( အညိုးညိုးဘဲ...စိတ်ညစ်တယ် )


*** An Italian အီတာလျံလူမျိုးတစ်ယောက် ။ ဒါပေမယ့် အီတလီလူမျိုးများလို့ ပြောချင်ရင်ကျတော့ များသောအားဖြင့် the မလိုပြန်ဘူး ။ the Italians လို့ ရေးလေ့မရှိဘဲ Italians ဆိုရင် ရပြီ ။


အဲဒီလိုဘဲ
a Mexican = မက်ဆီကန်လူမျိုးတစ်ယောက်............Mexicans = မက်ဆီကန်လူမျိုးများ ( the ထည့်လေ့မရှိ )

a Turk = တူရကီလူမျိုးတစ်ယောက် .............Turks = တူရကီလူမျိုးများ ( the ထည့်လေ့မရှိ )


ဒါက The နဲ့ ပတ်သက်ပြီး ငါးခုမြောက်တင်တဲ့ post ပါ ။ တခါတည်းနဲ့ အများကြီးမပြောရဲလို့ ခွဲခွဲတင်တာ ။ ဘယ်နှစ်ယောက်လောက်များ ခေါင်းထဲဝင်သွားမလဲ ၊ ဘယ်နှစ်ယောက်လောက်များ မှတ်မိမလဲတော့မသိဘူး ။ ရေးရတဲ့လူတော့ မသောက်ဘဲ မူးသွားပြီ ။

နောက်ထပ်ကျန်သေးပေမယ့် အရမ်းသေးစိတ်လွန်းတာမို့ ၊ ပြောသင့်သလောက်လည်း ပြောပြီးပြီထင်တာမို့ ဒါနောက်ဆုံးပါဘဲ ။ မဟုတ်ရင် The တစ်လုံးတည်းနဲ့ လည်ထွက်ပြီး ရှေ့မရောက်ဖြစ်နေမှာစိုးလို့ ။ အခုပြောထားသလောက်ကိုတော့ ခဏခဏ ပြန်ကြည့်စေချင်ပါတယ် ။ လက်တွေ့လည်း သတိထားပြီး အသုံးချကြည့်ရင်တော့ မိမိကောင်းဖို့ အတွက်သာ ဖြစ်ပါကြောင်း ။

ဒါပြီးရင်တော့ တကယ်အိပ်ပြီ

ဒါပြီးရင်တော့ တကယ်အိပ်ပြီ ။ မအိပ်ခင် ကိုယ်လည်း မမှတ်မိသလို ဖြစ်နေတဲ့ အသုံးလေးတွေကို ပြန်ကြည့်မလို့ ။ သိချင်သူရှိရင် ကြည့်သွားလို့ ရတယ် ။


လူတော်တော်များများက to ဆိုတာ ထည့်ပြီး နောက်က ရိုးရိုး Verb တစ်ခုထည့်တာ လုပ်တတ်ကြတယ် ။ နေရာတိုင်းမှာ အဲလိုသွားလုပ်ရင် Grammar Test တွေမှာ ကားခနဲ ခံလိုက်ရတာပါဘဲ ။ V-ing လိုက်မှ ဖြစ်တဲ့ အသုံးတွေ ရှိတယ် ။ အသေမှတ်ထားရပါတယ် ။


***Have difficulty + V-ing = တခုခုလုပ်ဖို့ အခက်အခဲရှိတယ် ။

People often have difficulty reading my handwriting.
လူတွေက ကျမရေးတဲ့ လက်ရေးကို မဖတ်တတ်ကြဘူး ။ ဖတ်ဖို့ အခက်အခဲရှိတယ် ။ ( have difficulty to read လို့ လုံးဝ လုံးဝ လုံးဝမရေးရပါ )


Did you have any difficulty getting a visa ?
ဗီဇာရဖို့ မင်းအခက်အခဲ ရှိခဲ့လား ( have difficulty to get လို့ မရေးရ )


I had no difficulty finding a place to live.
နေဖို့ တစ်နေရာ ရှာတာ အခက်အခဲမရှိခဲ့ပါဘူး ။ ( difficulty to find လို့ လုံးဝမရေးရ )


***It's no use / It's no good + Ving

It's no use worrying about the situation , you can't do anything about it . အခြေအနေကို ပူနေလို့ အလကားဘဲ ။ မင်းဘာမှမလုပ်နိုင်ဘူးလေ ။ ( no use to worry လို့သွားရေးရင် ပလုံ ပြီလို့သာ မှတ်လိုက်ပါ )

It's no good trying to persuade me. You won't succeed.
ငါ့ကို လာသိမ်းသွင်းနေလို့တော့အကျိုးမရှိဘူး ။ မင်းအောင်မြင်အောင် သိမ်းသွင်းနိုင်မှာ မဟုတ်ဘူးနော် ။ ( no good to try လို့ မရေးရ )


***It's ( not ) worth + Ving

We are almost there. It's not worth taking a taxi.
ရောက်ခါနီးပြီ ။ အခုမှ တက္ကစီစီးဖို့ မတန်ဘူး ။ ( not worth to take လို့ မရေးရပါ )

It's worth going to the mountain top. The view is so beautiful. ( worth to go လို့ မရေးရ )

Was the film worth seeing ? ရုပ်ရှင်က ကြည့်ရတာ တန်ရဲ့လား ။ ( worth to see လို့ မရေးရ )


*** a waste of time / a waste of money + Ving

It was a waste of time reading that book. It was rubbish.
အဲဒီစာအုပ်ကို ဖတ်ရတာ အချိန်ကုန်တာဘဲ အဖတ်တင်တယ် ။ အဖိုးမတန်ဘူး ( အမှိုက်ဘဲ ) ။ ( a waste of time to read လို့ မရေးရ )

It's a waste of money buying things you don't need.
မလိုတာတွေကို ၀ယ်တာ ပိုက်ဆုံဖြုန်းတာပေါ့ ။ ( a waste of money to buy လို့ မရေးရ )


***busy + Ving ( ဒီပုံစံက အဖမ်းအများဆုံးပါ )

She is going away tomorrow, so she is busy packing.
သူမ မနက်ဖြန်ခါ သွားမှာ ။ ဒါကြောင့် အခု အထုပ်အပိုးတွေပြင်ရင်း အလုပ်များနေတယ် ။ ( busy to pack လို့ရေးရင် မှားပါတယ် )

She said she couldn't see me. She was too busy doing other things.

အားလုံး Good Night ပါဗျို့ ............။ ( ခုမှ နားညီးသက်သာတော့တယ် :D )

မနက်ဖြန်ဘာဖြစ်မယ်

မနက်ဖြန်ဘာဖြစ်မယ်ဆိုတာကို အားလုံး အနည်းငယ် စိတ်စောနေကြမယ် ထင်ပါရဲ့ ။ အချိန်ကိုက် Idiom အသုံးအနှုန်းလေးတွေ သတိရလို့ တင်ပေးလိုက်ပါတယ် ( အရေးထဲ အင်္ဂလိပ်စာ လာသင်နေသေးတယ် ။ သများတွေလို ၁၂ .၁၂.၁၂ နဲ့ ဆိုင်တဲ့ စတေးတပ်စ်လေးဘာလေးရေးရင် ဟုတ်တုတ်တုတ် ...ရိုက်ပေါက်ဘဲ )

on tenterhooks = မသက်မသာ ခံစားနေရ ၊ မျှော်လင့်ကြောင့်ကြနေရ ( in a state of uneasiness, strain, or suspense )

We are all on tenterhooks waiting for tomorrow .
တို့အားလုံး မနက်ဖြန်ကို မျှော်ရင်း မသက်မသာ မအီမလည် ခံစားနေရတယ် ။

The waiting kept us on tenterhooks.
စောင့်မျှော်နေရခြင်းဟာ တို့ကို မသက်မသာခံစားရစေတယ် ။


keyed up = စိတ်ပူ ၊ စိတ်လှုပ်ရှားနေ ( nervous, anxious , strained )

I don't know how to sleep tonight, I am so keyed up. ဒီည ဘယ့်နှယ်အိပ်ရပါ့ ။ အရမ်း စိတ်ပူနေတယ် ( အဲလောက်ဆိုရင်တော့ ပိုသွားပြီ )


We are all keyed up over the current situation of the country .
တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို ငါတို့အားလုံး စိတ်ပူကြောင့်ကြနေကြတယ် ။


with bated breath = ရင်တမမနဲ့ ( nervously waiting )

We are waiting with bated breath for tomorrow .

The whole country watched the news of protest with bated breath.
ဆန္ဒပြတဲ့ သတင်းတွေကို တနိုင်ငံလုံးရင်တမမနဲ့ စောင့်ကြည့်ခဲ့ကြတယ်။

Tomorrow I will read the news on Facebook with bated breath .
သတင်းတွေကို ဖေ့ဘုတ်မှာ နက်ဖြန်မှ ရင်တထိတ်ထိတ်နဲ့ ဖတ်ရဦးမယ် ။

English for All ( Spring Flowers )

English for All ( Spring Flowers )
'' If = တကယ်လို့ '' ဆိုတာ တစ်ခုခုဖြစ်ခဲ့သည်ရှိသော် နောက်တစ်ခုဖြစ်မယ်ဆိုတဲ့အဓိပ္ပါယ်ပေါ့ ။ condition ဆိုတဲ့ အခြေအနေပေါ်မှာ တည်မှီနေတာ မဟုတ်လား ။ ဒါကြောင့် If အသုံးကို Grammar မှာ Conditional လို့ ခေါ်တယ် ။

အဲဒီ Conditional ဆိုတဲ့ If အသုံးက အခြေခံအားဖြင့် ( ၃ ) မျိုး ရှိပါတယ် ။
Form ( 1 ) ကတော့ အလွယ်ဆုံးပါ ။ ဥပမာ


If U Thein Sein says sorry for what happened , the monks will not protest.
ဖြစ်ခဲ့တာတွေအတွက် ဦးသိန်းစိန်က တောင်းပန်ရင် ဘုန်းကြီးတွေက ဆန္ဒပြမှာ မဟုတ်ဘူး ။
( အလွယ်ဆုံးကို ရေးပေးလိုက်တာမိတာပါ ဘပြောင်.....ခွင့်လွှတ်ပါနော် ဟီး )


If ပါတဲ့ ၀ါကျက ရိုးရိုး Present Tense နဲ့ ရေးရပြီး နောက်ဝါကျက will + Verb နဲ့ ရေးရတယ် ။
If Present Tense, will + Verb .
သတိထားရမှာက တကယ်ဖြစ်နိုင်တဲ့ အခြေအနေမှာသာ ဒီ Form (1) ကို သုံးရတယ် ။ ဥပမာ

If I come, I will tell you.
If the weather is not good, we will cancel the match. ( match = ပြိုင်ပွဲ )
If there is a chance, we will come to visit you.

Form ( 2 ) ကတော့ မဖြစ်နိုင်တဲ့ဟာကို စိတ်ကူးယဉ်ပြီး ပြောတာပါ ။ ဥပမာ

If I were U Thein Sein , I would say sorry for what happened.
မီးမီးသာ ဘပြောင်ဆိုရင် ဖြစ်ခဲ့တာတွေကို တောင်းပန်မယ် ။ မဖြစ်နိုင်တာကို စိတ်ကူးယဉ်ပြီး ပြောတာ မဟုတ်လား ။ ဒါကြောင့်

If Past Tense , would + Verb ပါ ။ ရှင်းသွားအောင် ဥပမာတွေကိုထပ်ကြည့်ပါဦးနော် ။

If I had wings, I would fly to you. တောင်ပံတွေသာပါရင် မင်းဆီကို ပျံသန်းလာမယ်....။

If he won the lottery, he would travel around the world. သူသာထီပေါက်ရင် ကမ္ဘာကို ပတ်မယ် ။ ( ခုတော့ တဲအိုပျက်ထဲမယ် )

If I earned 1 million dollar a month, I would buy a Ferrari . ကျနော်သာ တစ်လကို ဒေါ်လာတစ်သန်းလောက်ဝင်ငွေရှိုလိုကတော့ ဖယ်ရာရီကားတစ်စီး ၀ယ်ပစ်မယ် ။


***ကျေးဇူးပြုပြီး သတိထားပါ။ Past Tense တွေနဲ့ ရေးထားပေမယ့် အခုအခြေအနေမှာ စဉ်းစားမိတာ မျှော်လင့်စိတ်ကူးယဉ်မိတာတွေကို ပြောနေတယ်ဆိုတာပါဘဲ ။


Form (3) ကတော့ အခက်ဆုံးမို့ သတိထားပါနော် ။ အတိတ်က ပြီးသွားတာကို နောင်တရပြီး ဒေါသဖြစ်ပြီး တမ်းတပြီး သို့မဟုတ် ကျေးဇူးတင်ပြီး ပြောတဲ့အခါ သုံးတယ် ။ သူ့ပုံစံက

If had + V3 , would have + V3 ပါ ။

If I had known the truth, I would have told you.
ငါသာ အမှန်ကို သိခဲ့ရင် မင်းကို ပြောခဲ့မှာပေါ့ကွာ ။ ( မသိလို့ မပြောခဲ့။ နောင်တရတဲ့အသံလေးနဲ့ ပြောတာ )

If she had studied harder, she would not have failed the exam.
သူမသာ စာကို ဒီထက်ပိုကြိုးစားခဲ့ရင် စာမေးပွဲ မကျဘူးပေါ့ ( ခုတော့ ကျပြီ ။ ဘာမှလုပ်လို့မရတော့ )

If they had not used the violence , the tragedy would not have occured.
သူတို့သာ အကြမ်းဖက်နည်းကို မသုံးခဲ့ရင် ဒီဝမ်းနည်းဖွယ်ကိစ္စကြီး ဖြစ်မှာ မဟုတ်ဘူး ။ ( ခုတော့အားလုံး ဆေးရုံရောက်ကုန်ပြီ )

If you had not saved me , I would not have survived.
မင်းသာမကယ်ရင် ငါအသက်ရှင်ခဲ့မှာ မဟုတ်ဘူး ။ ( အခုကယ်လိုက်လို့ ရှင်တယ် )

If you had told me that you loved me, I would not have gone away.
မင်းသာ ငါ့ကို ချစ်ကြောင်း ပြောခဲ့မယ်ဆိုရင် ငါဘယ်ထွက်သွားပါ့မလဲ ( ခုတော့ ဟင့် )

( မှတ်ချက် ။ ။ အခြေခံသင်ခန်းစာများသာ ဖြစ်ပါသည် )

I should have done

အတိတ်မှာတုန်းက လုပ် '' သင့် '' တာကို မလုပ်ခဲ့လို့ အခုအချိန်မှာနောင်တရတဲ့ အနေနဲ့ ပြောရင် I should do လို့ မပြောရဘဲ I should have done လို့ ရေးရတာကို ပြောခဲ့ပြီးပါပြီ ။ ဥပမာ

You should have told me earlier.
မင်းငါ့ကို ဒီထက်အရင် ပြောခဲ့သင့်တယ် ။ ( အခုတော့ မဖြစ်သင့်တာဖြစ်ကုန်ပြီ )

They should have kept their promise.
သူတို့ကတိကို တည်ခဲ့သင့်တယ် ။ ( ကတိဖျက်လို့ ဒေါသနဲ့ ပြောတဲ့စကား )

I should not have drunk too much . ငါအလွန်အကျွံမသောက်ခဲ့သင့်ဘူး ။ ( အခုတော့ ကျွဲခိုးပေါ်ကုန်ပါပေါ့လား )

အဲဒီလိုအသုံးတစ်ခု အခု ထပ်ပြောပြပါရစေ ။

အတိတ်မှာ လုပ်'' နိုင် '' ရက်နဲ့ မလုပ်ခဲ့ရင် could + have + V3 ကို သုံးပါတယ် ။ ဥပမာ

I could have helped him . သူ့ကို ငါကူညီနိုင်ခဲ့သားဘဲ ( ဒါပေမယ့် မကူညီခဲ့ဘူး )

I could have gone to Oxford University but I preferred Harvard.
အောက်စဖို့ကို ငါသွားတက်နိုင်ခဲ့သားဘဲ ။ ဒါပေမယ့် ဟာဗတ်ကို ပိုသဘောကျတယ်လေ ( နောက်ဘ၀မှ ဂလို ဟန်ပါပါနဲ့ ပြောပစ်ဦးမယ် )

She could have married him but she didn't want to.
သူမက သူ့ကို လက်ထပ်နိုင်ခဲ့သားဘဲ ။ ဒါပေမယ့် ယူမှမယူချင်တာကိုး ( ဖြစ်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့တဲ့ အဓိပ္ပါယ် )

They could have bought a house here 20 years ago but chose not to.
သူတို့ ဒီမှာ လွန်ခဲ့တဲ့အနှစ် ၂၀ ကတည်းက အိမ်ဝယ်လို့ ရသားဘဲ ။ ဒါပေမယ့် မ၀ယ်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ကြတယ် ။ ( တတ်နိုင်ရက်နဲ့ မလုပ်ခဲ့ )


လုပ်နိုင်ရက်နဲ့ မလုပ်ခဲ့လို့ အပြစ်ပြောချင်တဲ့အခါလည်း သုံးတယ် ။
***************************
You could have phoned me to let me know.
မင်းကွာ...ငါ့ကို အသိပေးဖို့ ဖုန်းဆက်လို့ရသားနဲ့ ( မဆက်ခဲ့ဘူး )

They could have helped me instead of just sitting there.
ထိုင်နေမယ့်အစား သူတို့ ငါ့ကို ကူညီလို့ရနိုင်ရက်နဲ့ ( မကူညီခဲ့ကြဘူး )

I could have done more to help you. Sorry.
မင်းကို ငါ ဒီထက်ကူညီလို့ ရနိုင်ရက်သားနဲ့ကွာ ။ ဆောရီး ( မစောတော့ဘူး ပြောင်ရေ )

I couldn't have managed without you.
မင်းမပါဘဲ ငါ manage လုပ်နိုင်မှာမဟုတ်ဘူးကွာ ( မင်းကို ကျေးဇူးတင်တယ်ဆိုတဲ့သဘော )

I couldn't have got the job. He was always going to appoint his nephew.
ငါအလုပ်မရနိုင်ပါဘူးကွာ ။ သူက သူတူကို ခန့်ဖို့ လုပ်ပြီးသား။

ဖြစ်နိုင်တာကို ခန့်မှန်းပြီး ပြောရာမှာလည်းသုံးတယ် ။
***********************************
Mary could have taken the earlier train.
မေရီက ဒီထက်စောတဲ့ ရထားကို စီးရင်လည်း စီးလာနိုင်တာဘဲ ။ ( မေရီရထားပေါ် ရောက်နေချိန် မျှော်နေသူတွေက ခန့်မှန်းပြောတဲ့စကား )

Mg Mg could have told her.
မောင်မောင်က သူမကို ပြောရင် ပြောလိုက်မှာနော် ( ခုလောက်ဆို သူမသိနေလောက်ပြီ )

She could have overheard what I said.
ငါ ပြောတာကို သူမ မတော်တဆ ကြားသွားနိုင်လောက်တယ်.....( တိန် )

ဒီ Link ကို သွားကြည့်ပါဦး
https://www.facebook.com/photo.php?fbid=403340573071186&set=a.356850597720184.81083.100001857416736&type=3&theater

can have + V 3

can have + V 3 ကို ဖြစ်နိုင်ခြေ ရှိတာတွေကို ခန့်မှန်းပြောတဲ့အခါ သုံးတယ် ။ သေချာ မှတ်ထားရမှာက မေးခွန်းဝါကျနဲ့ အငြင်းဝါကျတွေမှာဘဲ သုံးလေ့ရှိတယ် ဆိုတာပါ ၊ အငြင်းဆိုတာ not ပါမှ မဟုတ်ဘဲ hardly, seldom , rarely, never စတဲ့ အငြင်း အဓိပ္ပါယ်ဆောင်တဲ့ အသုံးတွေနဲ့လည်း တွဲသုံးတယ် ။


•Can she have forgotten about our meeting?
အစည်းအဝေးကို သူမ မေ့သွားခဲ့တာလား မသိဘူး ( ပေါ်မလာလို့ ပြောတဲ့စကား )

•He can't have seen us.
သူငါတို့ကို မမြင်ခဲ့လောက်ပါဘူး ။

•They can hardly have thought that I was not interested in the job.
ငါအလုပ်ကို စိတ်မ၀င်စားဘူးဆိုတာ သူတို့ တွေးမိခဲ့မှာမဟုတ်လောက်ပါဘူး ။

•She can't have left me like this.
သူမက ငါ့ကို ဒီလို ထားမသွားခဲ့လောက်ဘူး ။



could have + V 3 ကတော့ ရှေ့က သင်ခန်းစာမှာ ပါပြီးပြီ ။ ဒီ Link ကို နှိပ်ပါ

https://www.facebook.com/photo.php?fbid=422410311164212&set=a.319582384780339.74346.100001857416736&type=1&theater

အိုဘာမားမိန့်ခွန်းထဲက

ဒီနေ့ ကိုယ့်အတွက် အရမ်းပျော်စရာကိစ္စတစ်ခု ဖြစ်ခဲ့တယ် ။ အိုဘာမားမိန့်ခွန်းထဲက အဓိပ္ပါယ်ပေါက်သလိုလိုနဲ့ မပေါက်ဖြစ်နေတဲ့ စကားတစ်ခုကို ရှင်းအောင် သိလိုက်ရလို့ပါ ။

စာကြောင်းက It’s not enough to trade a prison of powerlessness for the pain of an empty stomach. တဲ့ ။ တိုက်ရိုက်ပြန်ရင်တော့ '' အာဏာမဲ့မှုထောင်ကို ဆာလောင်တဲ့ဒဏ်နဲ့ လဲလို့မလုံလောက်ဘူး '' လို့ ထွက်တာပေါ့ ။

လက်လှမ်းမှီသလောက်ဖတ်မိတဲ့ပြန်ဆိုချက်တွေထဲမှာ အဲဒီစကားကို တိုက်ရိုက်ပြန်ထားတာတွေ့တယ် ။ အင်မတိအင်မတန် နာမည်ကြီးတဲ့ ဂျာနယ်တစ်စောင်က ပြန်ဆိုထားချက်ကို ဖော်ပြမယ် ....အင်္ဂလိပ်လိုမူရင်းပါ ဖတ်ကြည့်ပါ ၊ အောက်က context နဲ့ လုံးဝမကိုက်ဘူး ။

It’s not enough to trade a prison of powerlessness for the pain of an empty stomach. But history shows that governments of the people and by the people and for the people are far more powerful in delivering prosperity. And that’s the partnership we seek with you.

'' ဟောင်းလောင်းဖြစ်နေတဲ့ အစာအိမ်တွေအတွက် အာဏာမဲ့ဖြစ်မှုဆိုတဲ့ အကျဉ်းထောင်နဲ့ အစားထိုးရုံနဲ့ မလုံလောက်ပါဘူး။ ဒါပေမဲ့ သမိုင်းကပြနေတာက ပြည်သူတွေရဲ့ အစိုးရ၊ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစိုးရ၊ ပြည်သူတွေအတွက်ဖြစ်တဲ့ အစိုးရတွေဟာ ချမ်းသာဝပြောမှုဆိုတာကို ပေးစွမ်းနိုင်ရုံထက်ပိုပြီး အားကြီးတယ် ဆိုတာပါ။ ဒါကြောင့် ခင်ဗျားတို့နဲ့ မိတ်ဖက်ဖြစ်မှုကို ရှာဖွေနေတာပါ။ ''

ပထမစာကြောင်းက အလွတ်ကြီးထွက်နေတယ် ။ မြန်မာမှာဆိုရင်လည်း စကားပုံတွေ ၊ ဆိုရိုးတွေကို ထည့်ထည့်ပြောကြသလိုပေါ့ ။ ဥပမာ '' ငါ့လှေငါထိုး ပဲခူးရောက်ရောက်ပေါ့ကွာ ၊ ဘာဖြစ်လဲ '' ဆိုတာကို မြန်မာစာသင်ထားတဲ့ နိုင်ငံခြားသားကို သွားပြောကြည့်ပါလား ။ စကတည်းက အဓိပ္ပါယ် မသိထားရင်ကြောင်နေမှာပေါ့ ။

အဲဒီတော့ ဘာသာပြန်ဆိုတဲ့အခါမှာ ဖတ်တဲ့ပရိသတ်ရဲ့အခြေအနေကို ကြည့်ပြီး ဖတ်တဲ့လူနားလည်အောင် အဓိပ္ပါယ်မပျက် ဖြေလျော့ပြီး ပြန်ရတာမျိုးရှိတယ် ။ အဓိပ္ပါယ်တော့ လုံးဝ မပျက်ရဘူး ။

တကယ်တော့ ကိုယ်လည်း အဲဒီအဓိပ္ပါယ်ကို အစကတည်းကသိလို့ ပြောနေတာမဟုတ်ပါဘူး ။ ကြည့်လိုက်ကတည်းက တင်စားထားတယ်ဆိုတာတော့ သိတယ် ။ ဒါကြောင့်လည်း ရမ်းသမ်းမလုပ်ရဲတာ ။

ဒါနဲ့ အဲဒီမိန့်ခွန်းကို ပရင့်ထုတ် အင်္ဂလိပ်စာဆရာတစ်ယောက်ယောက်ကို မေးမယ်ဆိုပြီး ကျောင်းကိုယူသွားတယ် ။ အရေးထဲ အင်္ဂလိပ်စာဌာနမှာ workshop အသစ်အတွက် အင်တာဗျူးတွေ လုပ်နေတော့ ဆရာတွေ တစ်ယောက်မှ မအားဘူး ။ ဒါနဲ့ အနည်းငယ် စိတ်ညစ်ပြီး ပြန်ထွက်လာချိန် ကားမှတ်တိုင်နားမှာ အမေရိကန် နှစ်ယောက်နဲ့ တွေ့လို ဘာရမလဲ.......သိလည်း မသိဘဲနဲ့ အတင်းစကားလိုက်ပြောပြီးကို မေးပစ်ခဲ့တယ် ။

အဲဒီအဒေါ်ကြီးက အကျယ်ချဲ့ပြီး ပြောပြတာ ရှင်းသွားတာဘဲ ။

'' ဖိနှိပ်လွန်းတဲ့အစိုးရကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရတယ် ၊ အဲဒါက အာဏာမဲ့ပြည်သူတွေ ( powerlessness ) ရဲ့ အခြေအနေအကျပ်အတည်းကြီး ( prison ) ပေါ့ ၊ အဲဒါကို ရော့...ဒီမိုကရေစီယူစေ ဆိုပြီး ပေးလိုက်တာတော့ဟုတ်ပါပြီ ၊ စားစရာမရှိရင် ဘယ်လိုလုပ်မလဲ ( the pain of an empty stomach ) ။ ဒီတော့ ဖိနှိပ်ခံရမှုဆိုတဲ့ အခြေအနေကြီးကို ဒီမိုကရေစီနဲ့ လဲလိုက်ရုံ ( trade ) နဲ့ မရဘူး ၊ အဲဒီ ဒီမိုကရေစီကို သုံးပြီး ပြည်သူတွေကလည်း အလုပ် လုပ်ရဦးမယ် ၊ တိုတိုပြောရရင်တော့ ဒီမိုကရေစီတခုတည်းက ထမင်းမကျွေးဘူး Democracy alone doesn't feed the people .'' တဲ့ ။ ကဲ......ဘယ်လောက်ကောင်းတဲ့ တင်စားချက်လဲနော် ။

သူများတော့ မသိဘူး။ ကိုယ်သိချင်တာကို သိလိုက်ရလို့ ပျော်တဲ့အမှတ်တရအနေနဲ့ ကိုယ့် facebook မှာ ရေးတာပါ ။

Total Pageviews